သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင် ဝါရှင်တန် ပြန်လည်ရောက်ရှိ


မြန်မာစစ်အစိုးရ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် ဟာ မတ်လ (၁၉) ရက်နေ့ ညနေပိုင်းမှာ ဝါရှင်တန်မြို့တော် Dulles နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာပါတယ်။ သူ့ချစ်သူ မဝါဝါကျော် နဲ့ မိတ်ဆွေအပေါင်းအသင်းများက လေဆိပ်ကို သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

သူ ပြန်လည်လွတ်မြောက်လာအောင် ကြိုးပမ်းပေးခဲ့တဲ့ အမေရိကန်အစိုးရ အပါအဝင်၊ မိတ်ဆွေအပေါင်းအသင်းများ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်အတွင်း အခြေအနေတွေ သိပ်ကို ဆိုးဝါးတဲ့အကြောင်းကို အလေးနက် ပြောဆိုသွားခဲ့ပါတယ်။

Burmese Version

English Version

ဆက်စပ်သတင်းများ ...

XS
SM
MD
LG