သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို အတည်ပြုဖို့အတွက် အောက်လွှတ်တော် ဒီမိုကရက်တွေရဲ့ ထောက်ခံမဲနဲ့တင် လုံလောက်လိမ့်မယ်လို့ သမ္မတက ယုံကြည်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

မစ္စတာ အိုဘားမားက အမတ် ၂ ဒါဇင်ကျော်ကို ကိုယ်တိုင် ဆက်သွယ်ပြီး ထောက်ခံကြဖို့ တိုက်တွန်းခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောပါတယ်။

ဒီဥပဒေ မူကြမ်းကို တနင်္ဂနွေနေ့မှာ မဲပေးဖို့ အောက်လွှတ်တော်က အဆင်သင့်ပါပဲလို့ အောက်လွှတ်တော် အများစုခေါင်းဆောင် စတန်နီ ဟိုင်ယာက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကို သွားမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းပြီး ဝါရှင်တန်မြို့တော်မှာ နေကာ သူ့ရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို နောက်ဆုံး မဲပေးကြတာကို စောင့်မယ်လို့ မစ္စတာဂစ်ဘ်စ်က ဆိုပါတယ်။

အောက်လွှတ်တော်မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းကျမှ မဲပေးကြမှာမို့ မစ္စတာ အိုဘားမားက သူ့ရဲ့ခရီးစဉ်ကို ရွှေ့လိုက်တာလို့ မစ္စတာ ဂစ်ဘ်စ်က ပြောပါတယ်။ ခရီးစဉ် ရွှေ့ရတာကို သမ္မတက စိတ်မကောင်း ဖြစ်ရကြောင်းလည်း မစ္စတာ ဂစ်ဘ်စ်က ဆိုပါတယ်။

ဒီ ကျန်းမာရေး အာမခံ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စက အရေးကြီးလွန်းလှတာမို့ ဒီကိစ္စ ပြီးပြတ်တဲ့အထိ သမ္မတက စောင့်ချင်တာပါလို့ မစ္စတာ ဂစ်ဘ်စ်က ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG