သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည်


ထိုင်းအစိုးရကို ဆန့်ကျင်နေကြသူတွေက နောက်ထပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုအဖြစ် ဒီကနေ့မှာတော့ ပန်းချီပိတ်စ တခုမှာ သူတို့ရဲ့ သွေးတွေနဲ့ သုတ်လိမ်းဖို့ စီစဉ်နေကြပါတယ်။ ဒါဟာဆိုရင် ထိုင်းဝန်ကြီးချုပ် နေအိမ်နဲ့ အစိုးရရုံး အတော်များများကို ပက်ဖျန်းခဲ့တဲ့ သွေးတွေကို ထောင်ဂဏန်းချီရှိတဲ့ ဆန္ဒပြသူတွေက လှူဒါန်းပြီး လှုပ်ရှားခဲ့ကြတဲ့ ဆန္ဒပြပွဲတွေထဲက နောက်ဆုံးတွေ့ရတဲ့ နည်းဗျူဟာ တခုလည်း ဖြစ်ပါတယ်။

မြို့တော် ဘန်ကောက်မှာ ကြီးမားတဲ့ အဖြူရောင် ပန်းချီပိတ်စ တခုပေါ်မှာ ကျန်နေသေးတဲ့ သွေးတွေနဲ့ သုတ်လိမ်းပြီး ပုံဖော်မှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မနေ့တုန်းကတော့ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေမှာ အားပေးထောက်ခံမှုတွေ ရလာစေဖို့ လှုပ်ရှားမှုအဖြစ် ထောင်ဂဏန်းချီရှိတဲ့ ဆန္ဒပြသူတွေ မြို့တော် ဘန်ကောက်က လမ်းတွေပေါ်ကို ထရပ်ကားတွေ၊ ဘတ်စ်ကားတွေ၊ မော်တော်ယာဉ်တွေသာမက မော်တော်ဆိုင်ကယ်တွေနဲ့ပါ ထွက်ခဲ့ကြတာပါ။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကို ရာထူးက ဖယ်ရှားဖို့ အင်္ကျီအနီဝတ် ဆန္ဒပြသမားတွေရဲ့ သီတင်းတပတ်ကြာ လှုပ်ရှားမှုတွေထဲက အစီအစဉ် တခုအဖြစ် မော်တော်ကားတွေနဲ့ စီတန်း ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူ အများစုဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အကျင့်ပျက် ခြစားမှုတွ ရှိတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်း ရာထူးက ဖယ်ရှားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူ ကျေးလက်ဒေသက ဆင်းရဲသားတွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG