သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပြန်မရေနိုင်ဟု အီရတ် ရွေးကောက်ပွဲ ကော်မရှင် ပြော


မတ်လ ၇ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ထည့်ခဲ့တဲ့ မဲတွေကို ပြန်ရေတွက်ဖို့ ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ရဲ့ တောင်းဆိုချက်ကို အီရတ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။ သူနဲ့ ပြိုင်ဘက် ရှီအာအဖွဲ့က တနင်္ဂနွေနေ့မှာ ဦးဆောင်နေပါတယ်။

အလေးအနက်ထား စဉ်းစားရမယ့် တိုင်ကြားချက်တွေကိုတော့ ကော်မရှင်က ကြည့်မှာ ဖြစ်ပေမဲ့ ပါလီမန် ရွေးကောက်ပွဲ မဲရုံတိုင်းကိုတော့ ပြန်ပြီး စစ်ဆေးကြည့်လိမ့်မယ် မဟုတ်ဘူးလို့ ကော်မရှင်က ဆိုပါတယ်။

တကယ်လို့ မဲတွေကို ပြန်မစစ်ဆေးဘူးဆိုရင် အီရတ်နိုင်ငံမှာ အကြမ်းဖက်တဲ့ အဖြစ်တွေ ပြန်ဖြစ်လာနိုင်တယ်လို့ မစ္စတာ မာလီကီက သတိပေးလိုက်ပါတယ်။

ယခင် ဝန်ကြီးချုပ် အာယတ်ဒ် အာလာဝီ (Ayad Allawi) ရဲ့ ညွန့်ပေါင်းအဖွဲ့ကို မစ္စတာ မာလီကီရဲ့ State of Law အဖွဲ့က မဲ ၁၁,၀၀၀ နဲ့ နောက်ကနေ လိုက်နေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တနင်္ဂနွေနေ့တုန်းက ကြေညာပါတယ်။

မစ္စတာ အာလာဝီရဲ့ အီရတ်ကီးယား မဟာမိတ်အဖွဲ့ (Iraqiya alliance) က ပြည်နယ် ၅ ပြည်နယ်မှာ ဦးဆောင်နေပါတယ်။ မဲတွေကို ၉၅% ရေတွက်ပြီးစီးပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG