သုံးရလွယ်ကူစေသည့် Link များ

ထိုင်းတောင်ပိုင်း အကြမ်းဖက်မှု ၆ ယောက် သေဆုံး


ထိုင်းနိုင်ငံတောင်ပိုင်းမှာ အစ္စလမ် လက်နက်ကိုင် သောင်းကျန်းသူလို့ ယူဆရသူတွေရဲ့ လက်ချက်ကြောင့် ရွာသား ၆ ယောက် သေဆုံးပြီး ရဲအရာရှိ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။

မငြိမ်မသက် ဖြစ်နေတဲ့ ထိုင်းတောင်ပိုင်း ဒေသအတွက် ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့မယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့တာနဲ့အတူ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။

နာရာသီဝတ်ခရိုင်မှာ လူ ၆ ယောက် ပစ်သတ်ခံထားရတာ တွေ့ရှိတယ်လို့ ရဲက ပြောပါတယ်။ ရဲတွေ အခင်းဖြစ်ရာကို သွားကြချိန် လမ်းဘေးမှာ ပေါက်ကွဲမှုဖြစ်ပြီး ရဲအရာရှိ ၁၀ ယောက် ဒဏ်ရာရသွားပါတယ်။

ထိုင်းတောင်ပိုင်းမှာ ကျောင်းတွေ၊ ခန်းမတွေလို အများနဲ့ဆိုင်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး USAID က ဒေါ်လာ သန်း ၃၀ တန် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ကြာသပတေးနေ့မှာပဲ ကြေညာခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေတဲ့ တောင်ပိုင်းဒေသမှာ မွတ်ဆလင်တွေကို အကြမ်းဖက် ပဋိပက္ခထဲ မပါဝင်အောင် ရည်ရွယ်ပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန် အေဂျင်စီ USAID က ဆောင်ရွက်တာ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်းက မွတ်ဆလင် အများစု နေထိုင်ကြတဲ့ ရာလ၊ ပါတာနီနဲ့ နရာသီဝတ်ခရိုင်တွေမှာ ၂၀၀၄ ခုနှစ်ကစပြီး အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ လူပေါင်း ၄,၀၀၀ လောက် ရှိသွားပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG