သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ရေ မခန်းစေဖို့


မဲခေါင်မြစ်ကြောင်းမှာ နှစ်ပေါင်းငါးဆယ်အတွင်း မကြုံဖူးအောင် မြစ်ရေခန်းခြောက်မှုတွေနဲ့ ကြုံနေရတာမို့ မြန်မာနို်င်ငံအပါအဝင် မဲခေါင်ရပ်ဝန်း ၆နိုင်ငံမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ မဲခေါင်မြစ်ကြောင်းက မြစ်ရေပမာဏ၊ ရေအရည်အသွေးအပြင် သဘာဝပတ်ဝန်းကျင်ဆက်နွယ်မှုစံနစ် Eco system ကိုပါ အဓိက တိုက်ရိုက်ထိခိုက်စေတာဟာ တရုတ်နိုင်ငံ မြစ်ညာဒေသ တကျောမှာ ကြီးမားတဲ့ ရေကာတာကြီးတွေ တည်ဆောက်နေတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမြစ်ကြောင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ဦးစိုင်းစိုင်းနဲ့ မဲခေါင်ဒေသစောင့်ကြည့်လေ့လာရေးအဖွဲ့က တာဝန်ခံ ဦးဂျာဖက် (U Japhet) တို့ကိုမေးမြန်းပြီးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG