သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူ ရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရ


အိန္ဒိယ သမုဒ္ဒရာထဲမှာ ဆိုမားလီးယား သူပုန်တွေ ပြန်ပေးဆွဲသွားတဲ့ ရေနံတင် သင်္ဘောကြီးကို ကြားဖြတ် ကယ်တင်နိုင်ဖို့ တောင်ကိုရီးယားက စစ်သင်္ဘောတစင်းကို စေလွှတ်လိုက်ပါပြီ။

စင်ကာပူပိုင် တောင်ကိုရီးယားမှာ မှတ်ပုံတင်ထားတဲ့ ဆမ်ဟို ဒရင်းမ် (Samho Dream) ရေနံတင် သင်္ဘောကြီးဟာ ဒေါ်လာ သန်း ၁၆၀ ကျော် တန်ဖိုးရှိတဲ့ ရေနံတွေ အီရတ်ကတင်ပြီး အမေရိကန်ကို အသွား တနင်္ဂနွေနေ့က ဆိုမာလီကမ်းလွန် ၉၀၀ လောက်မှာ ပြန်ပေးအဆွဲခံသွားရတာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ တောင်ကိုရီးယား ၅ ယောက်နဲ့ ဖိလစ်ပိုင် ၁၉ ယောက် စုစုပေါင်း သင်္ဘောသား ၂၄ ယောက် ပါသွားပါတယ်။

ဆိုမားလီးယား ရေပြင်နားမှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယား ဖျက်သင်္ဘော ပြန်ပေးဆွဲခံထားရတဲ့ ရေနံတင်သင်္ဘောဆီ ရောက်ဖို့ တရက်လောက် ကြာမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

တချိန်တည်းမှာပဲ နယ်သာလန် ရေတပ်က ဂျာမဏီ ကုန်တင်သင်္ဘောကို ဆိုမာလီ ကမ်းရိုးတန်းမှာပဲ ကယ်တင်နိုင်ခဲ့ပြီး ပြန်ပေးဆွဲသူ ၁၀ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သင်္ဘောသား ၁၅ ယောက်ကိုလည်း ထိခိုက်ဒဏ်ရာ မရှိဘဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG