သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်ရွေးကောက်ပွဲ မေလ ၆ ရက် ကျင်းပမည်


ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဗြိတိန်နိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကို မေလ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ ဒီနေ့ပဲ အတည်ပြု ကြေညာလိုက်ပါတယ်။ လက်ရှိ အာဏာရနေတဲ့ လေဘာပါတီဟာ ၄ ကြိမ်ဆက်တိုက် အနိုင်ရဖို့အတွက် မျှော်မှန်းနေတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကို အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်ရှေ့မှာ ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘရောင်းက ဗြိတိန်နိုင်ငံဟာ အဘက်ဘက်က ပြန်လည်ဦးမော့လာဖို့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး ဗြိတိန်လူထုတွေ အနေနဲ့ သူ့ရဲ့ လေဘာပါတီနဲ့အတူ ရှေ့ဆက် လုပ်ဆောင်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ထုံးစံအရ မစ္စတာ ဘရောင်းဟာ သူ့အစိုးရအဖွဲ့နဲ့ အရင်တွေ့ဆုံပြီးမှ ဘက်ကင်ဟမ်နန်းတော် (Buckingham Palace) ကို သွားပြီး အယ်လိဇဘက်သ် (Elizabeth) ဘုရင်မကြီးဆီမှာ လွှတ်တော် ဖျက်သိမ်းခွင့်ကို ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် စစ်တမ်းကောက်ရာမှာတော့ အစောပိုင်းတုန်းက ကွန်ဆာဗေးတစ်ပါတီက ရှေ့က ပြေးနေခဲ့ပေမဲ့ အခုတော့ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ် ပါတီတို့ဟာ သူမသာ၊ ကိုယ်မသာ အနေအထားမှာ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG