သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှားသမ္မတ နျူကလီးယားလက်နက် လျှော့ချရေးစာချုပ် လက်မှတ်ထိုး


အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတွေမှာ နျူကလီးယား လက်နက်တွေ ၃၀% လောက် လျှော့ချသွားဖို့ အဓိကကျတဲ့ သဘောတူညီချက် တရပ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitri Medvedev) တို့ ၂ ဦးအကြား လက်မှတ်ရေးထိုး လိုက်ကြပါပြီ။

၂ နိုင်ငံစလုံးမှာ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ၁,၅၀၀ လောက်သာ ကျန်တော့မယ့် သဘောတူညီချက် တရပ်ကို ချက်သမ္မတနိုင်ငံရဲ့ မြို့တော်မှာ လက်မှတ်ရေးထိုး သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ နျူကလီးယားဆိုင်ရာ လုံခြုံရေးနဲ့ နျူကလီးယားလက်နက် လျှော့ချရေးအတွက် သမိုင်းဝင်တဲ့ လုပ်ရပ်တခုအဖြစ် ပြောဆိုရင်း ခေါင်းဆောင် ၂ ဦးက စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ချီးမွမ်းစကားတွေ ပြောဆိုခဲ့ကြတာပါ။

ရုရှားသမ္မတကလည်း လွန်ခဲ့တဲ့ ၂ လ ၃ လလောက်က ဖြစ်နိုင်စရာ မရှိဘူးလို့ ထင်ရတဲ့ ကိစ္စကို သဘောတူညီမှုတွေ ရခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာလို့လည်း ရုရှားသမ္မတက ပြောခဲ့တာပါ။

ခေါင်းဆောင် ၂ ဦး ဟာ အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဆိုင်းငံ့မထားဘူး၊ ဆွေးနွေးမှုတွေ မလုပ်ဘူးဆိုရင် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ရေးအတွက် စဉ်းစားသွားဖို့လည်း ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG