သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ကမ္ဘာဖြစ်ရေး ကြီးမားသော အားထုတ်မှု


နျူကလီးယား လက်နက်တွေ အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အနေအထားကို ကာကွယ်ဖို့အတွက် နျူကလီးယား ကုန်ကြမ်းတွေ၊ နည်းပညာတွေကို လာမယ့် ၄ နှစ်အတွင်းမှာ လုံခြုံအောင် လုပ်ယူပါမယ်လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ နျူကလီးယားအရေး ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၄၇ နိုင်ငံက ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်ဆိုပြီး အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ၊ သတင်းအချက်အလက်နဲ့ နည်းပညာတွေ အကြမ်းဖက် အုပ်စုတွေ လက်ထဲ ရောက်သွားနိုင်တဲ့ အရေးကို ကာကွယ်ဖို့အတွက် နိုင်ငံတွေ လုပ်ဆောင်ရမယ့် အချက်တွေ ပါဝင်တဲ့ နောက်ဆုံး သဘောတူညီချက်ကို ဆွေးနွေးပွဲ တက်ရောက်တဲ့ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးသွားကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG