သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ထိပ်ပိုင်းခေါင်းဆောင် ၂ ယောက် သေဆုံး


အီရတ်နိုင်ငံ မြောက်ပိုင်းက တိကရစ် (Tikrit) မြို့နားမှာ ပြုလုပ်တဲ့ ပူးတွဲ စစ်ဆင်ရေးအတွင်းမှာ ထိပ်တန်း အယ်လ်ကိုင်းဒါး ခေါင်းဆောင် ၂ ဦး သေဆုံးသွားတယ်လို့ အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောပါတယ်။

သူတို့ပုန်းအောင်းနေတဲ့ နေရာကို အမေရိကန် တပ်တွေက နောက်က အထောက်အကူပေးတဲ့ အီရတ်တပ်ဖွဲ့တွေ တနင်္ဂနွေနေ့က ဝင်စီးတဲ့ ဖြစ်ရပ်အတွင်း အီရတ်နိုင်ငံဆိုင်ရာ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အဘူ အိုင်ယပ်ဘ် အယ်လ်-မာဆရီ (Abu Ayyub al-Masri) နဲ့ ထိပ်တန်း အယ်လ်ကိုင်းဒါး စစ်သွေးကြွ အဘူ အူမာ အယ်လ်-ဘက်ဂ်ဒါဒီ (Abu Umar al-Baghdadi) တို့ သေဆုံးသွားတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောကြပါတယ်။

သူတို့ရဲ့ သေဆုံးမှုဟာ အီရတ်က အယ်လ်ကိုင်းဒါးတွေအတွက် သက်ရောက်မှု ပြင်းထန်နိုင်တယ်၊ ဒီလို ဝင်ရာက်စီးနင်းမှု အောင်မြင်တာကို ကြည့်ရင် အီရတ် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာတာကို တွေ့နိုင်တယ်လို့ အမေရိကန် ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) က ပြောပါတယ်။

ဒီစစ်ဆင်ရေးအတွင်းမှာ အမေရိကန် စစ်သားတဦးလည်း သေဆုံးသွားတယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ မာဆရီရဲ့ လက်ထောက်နဲ့ မစ္စတာ ဘက်ဂ်ဒါဒီရဲ့ သားတယောက်လည်း သေဆုံးသွားတဲ့အပြင် သူတို့နဲ့ ပတ်သတ်တဲ့ ဒုစရိုက်သမား ၁၆ ယောက်ကိုလည်း ဖမ်းဆီးရမိတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG