သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသမားတွေရဲ့ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ


ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေက လွှတ်တော်ကို ရက်ပေါင်း ၃၀ အတွင်း ဖျက်သိမ်းပြီး၊ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပဖို့ တောင်းဆိုခဲ့တာကို ဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ဒီကနေ့ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ကြောင့် နှိမ်နင်းမှုတွေ လုပ်လာမှာကို စိုးရိမ်ကြောင်းလည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြတာပါ။

နိုင်ငံရေးအရ တင်းမာမှုတွေကြောင့် ဘန်ကောက်မြို့တော်တခွင် သီတင်းပတ် အတော်ကြာ အစစ ရပ်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။ မနေ့တုန်းကတော့ အကျီအနီဝတ် ဆန္ဒပြသမားတွေက အရင်က တောင်းဆိုထားသလို လွှတ်တော်ကို ချက်ချင်း ဖျက်သိမ်းရေး တောင်းဆိုချက်ကို လျှော့ပေါ့ပြီး ရက်ပေါင်း (၃၀) အတွင်း ဖျက်ဖို့ ပြင်ဆင် တောင်းဆိုခဲ့ကြတာပါ။

အာဏာကို တရားမဝင် ရယူခဲ့တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားတဲ့ ဝန်ကြီးချုပ် အဘီဆစ် ရဲ့ ရာထူးနေရာကို အစားထိုး နိုင်မယ့် ရွေးကောက်ပွဲ အသစ်တွေ ကျင်းပရေး ဆန္ဒပြသူတွေက လိုလားနေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူ အများစုကတော့ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရသူ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် ကို ထောက်ခံကြသူ ကျေးလက်နေသူတွေပါ။

ဘန်ကောက်မြို့ အချက်အချာနေရာက စီးပွားရေးလုပ်ငန်းတွေ၊ ဇိမ်ခံဟော်တယ်တွေပါ ပိတ်ထားရတဲ့အထိ ဆန္ဒပြသူတွေ စခန်းချထားရာ နေရာတွေကနေ ဖယ်ရှားဖို့ လုံခြုံရေး တပ်ဖွဲ့တွေက ကြိုးပမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ တာဝန်ရှိတွေကတော့ အင်အားသုံးတာတွေကို ရှောင်ရှားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG