သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသူတွေကို ဖြိုခွဲမည်


အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်မှာ သိမ်းထားတဲ့ နေရာတွေကို အာဏာပိုင်တွေက ပြန်သိမ်းလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က ပြောပေမဲ့ အချိန်ကိုတော့ ပြောမသွားခဲ့ပါဘူး။

တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုပွန် ပေါင်ချင်ဒါ (Anupong Paochinda) ကို ဘေးမှာထားပြီး တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ စကားပြောရာမှာ တီရှပ်အနီ လူအုပ်ကြီးကို ခွဲမှာဟာ တတိုင်းပြည်လုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ မစ္စတာ အဘီဆစ်က ပြောပါတယ်။

ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အနုပွန်က ပြောပါတယ်။ တပ်ထဲမှာ အဓိက အကွဲအပြဲတွေ ဖြစ်နေတယ် ဆိုတာကိုတော့ သူက ငြင်းဆိုသွားပါတယ်။ ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေထဲကို ရှပ်အနီ ထောက်ခံသူတွေက ထိုးဖောက်ဝင်ရောက်နေပြီလို့ ယုံကြည်ကြပါတယ်။

လွှတ်တော်ကို ရက် ၃၀ အတွင်း ဖျက်ပေးရင် ဘန်ကောက်မြို့လယ် သိမ်းထားရာက ဆုတ်ပေးမယ်လို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ကမ်းလှမ်းခဲ့တာကို မစ္စတာ အဘီဆစ်က ပယ်ချခဲ့ပါတယ်။ နောက် ၉ လအတွင်း ရွေးကောက်ပွဲကို စောခေါ်ပေးမယ်လို့ စောစောက သူ ကမ်းလှမ်းထားတဲ့အတိုင်း မစ္စတာ အဘီဆစ်က ဆက်လက် ရပ်တည်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG