သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ခ် ကားထောင်ဗုံး မော်တော်ယာဉ်ပိုင်ရှင် ရဲစစ်ဆေး


အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ တိုင်းမ်စ်ကွဲ (Times Square) နေရာမှာ မအောင်မြင်ခဲ့တဲ့ ကားဗုံးဖောက်ခွဲမှုမှာ အသုံးပြုခဲ့တဲ့ ကားပိုင်ရှင်ကို သက်ဆိုင်ရာက စုံစမ်းမေးမြန်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့တုန်းက အဲဒီ ကားရပ်ထားရာ နေရာကို ရိုက်ထားတဲ့ ဗွီဒီယို တိပ်ခွေတွေကို ပြန်ကြည့်ပြီးတဲ့နောက် အာဏာပိုင်တွေက အခုလို တနင်္လာနေ့မှာ ပြောခဲ့ကြတာပါ။

ကားက ၁၉၉၃ ခုနှစ်ထုတ် နစ်ဆန်း ပါ့သ်ဖိုင်ဒါ (Nissan Pathfinder) ဖြစ်ပြီး ကွန်နက်တီကပ်တ် (Connecticut) ပြည်နယ်မှာရှိတဲ့ ကားပြင်ဆိုင်ကနေ တခြား ကားတစီးရဲ့ နံပါတ်ပြားကို ခိုးတပ်ခဲ့တာလို့ ဆိုပါတယ်။

ဗွီဒီယိုထဲမှာ အသက် ၄၀ အရွယ် အမျိုးသားတယောက်က အဲဒီကားအနီးမှာ အပေါ်အင်္ကျီချွတ်ပြီး ထွက်ခွာသွားပုံ၊ မီးခိုးထွက်နေတဲ့ကားကို လည်ပြန် လှည့်ကြည့်သွားတဲ့ ပုံကို တွေ့ရပါတယ်။ သူ့ကို ရဲက အခု ရှာဖွေနေပါတယ်။

ဒီဖြစ်ရပ်က အကြမ်းဖက်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ဘယ်သူပဲဖြစ်ဖြစ် အကြမ်းဖက်သမား စာရင်းတင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ် (Robert Gibbs) က တနင်္လာနေ့ အစောပိုင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG