သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ခ် ဗုံးခွဲဖို့ သံသယရှိသူကို တရားရုံးတင်မည်


အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့လယ်က လူစည်ကားတဲ့ တိုင်းမ်စ်ကွဲ (Times Square) နေရာမှာ ကားဗုံးခွဲဖို့ ကြိုးစားမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ပါကစ္စတန်ဖွား အမေရိကန် နိုင်ငံသားကို ဒီနေ့ ပြည်ထောင်စု တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) ကို တနင်္လာနေ့ နှောင်းပိုင်းမှာ နယူးယောက်ခ်မြို့က ဂျွန် အက်ဖ် ကနေဒီ နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးခဲ့တာလို့ ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ပြောပါတယ်။

ဒူဘိုင်းကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အမ်းမရိတ် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ သူ့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရှာဇတ်ဒ်ကတော့ သူတယောက်တည်း လုပ်တာလို့ ဆိုကြောင်း လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံခြားနဲ့ ဆက်နွယ်မှု ရှိမရှိ ဖြစ်နိုင်ခြေ အားလုံးကိုလည်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဖောက်ခွဲဖို့ ကြိုးစားမှုနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို စုစည်းနေသလို နိုင်ငံခြားက အကြမ်းဖက် ကွန်ယက်တွေကိုလည်း စုံစမ်းမှုတွေကို ဖြန့်ကျက်သွားမယ်လို့ ရှေ့နေချုပ် မစ္စတာ ဟိုလ်ဒါက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG