သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထက်လွှတ်တော် စစ်အစိုးရ မတရားမှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်


The sun is about to come up over the South Pacific Ocean in this colorful scene photographed between 4 and 5 a.m. local time, May 5, 2013, by one of the Expedition 35 crew members aboard the Earth-orbiting International Space Station. (Photo released on May 9, 2013)
The sun is about to come up over the South Pacific Ocean in this colorful scene photographed between 4 and 5 a.m. local time, May 5, 2013, by one of the Expedition 35 crew members aboard the Earth-orbiting International Space Station. (Photo released on May 9, 2013)

မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိတာတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ သောကြာနေ့က ပါတီစွဲမရှိဘဲ တခဲနက် အတည်ပြုလိုက်ကြပါတယ်။ ဒီအထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ USCB လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင်က အခုလို သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအပေါ်မှာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ကတော့ အရမ်းကို စိတ်ပူနေတာရှိပါတယ်။ သူတို့အနေနဲ့ သမ္မတ အိုဘားမား ရဲ့ စေ့စပ်ဆွေးနွေးတဲ့ ပေါ်လစီက ဘာမှအကျိုးအမြတ် ဖြစ်မလာတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှ ဖြိုဖျက်ခံလိုက်ရတဲ့ အနေအထားကို ရောက်နေပြီ။ ဒါကြောင့်မိုလို့ ဒီကနေ့ ဆီနိတ်တာ ဂျက်ဂရက် ခေါင်းဆောင်တဲ့ အထက်လွှတ်တော် အမတ်တွေကနေပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့အတွက် အမေရိကန်အစိုးရကို ပြန်လည်တိုက်တွန်းတယ်၊ ပြီးတော့ မြန်မာစစ်အစိုးရ အပေါ်မှာ ပိုပြီးတော့ ကြီးမားပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ တခဲနက် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ အမေရိကန်အစိုးရအနေနဲ့ အထက်လွှတ်တော်ရဲ့ သဘောထားကို ထင်ထင်ရှားရှား မြင်တွေ့သွားရပြီးတဲ့နောက်မှာ သူတို့အနေနဲ့လည်း ဆက်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ သဘောထားတွေကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်အစိုးရအပေါ်မှာ လိုအပ်တဲ့ ဖိအားပေးမှုတွေ ဆက်ပြီး တိုးမြှင့်အရေးယူသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ၊ ဒီမိုကရေစီလိုလားသူတွေနဲ့ မြန်မာပြည်သူပြည်သား အားလုံးအပေါ် မတရား ဖိနှိပ်နေတာတွေကို ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ဖို့အတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG