သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိငွေကြေးအကျပ်အတည်း ဥရောပသမဂ္ဂ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ အရေးပေါ် ပံ့ပိုးဖို့သဘောတူ


ဂရိငွေကြေးအကျပ်အတည်း ဥရောပသမဂ္ဂ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ အရေးပေါ် ပံ့ပိုးဖို့သဘောတူ
ဂရိငွေကြေးအကျပ်အတည်း ဥရောပသမဂ္ဂ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ အရေးပေါ် ပံ့ပိုးဖို့သဘောတူ
ဂရိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး အခက်အခဲနဲ့ ပတ်သက်ဆက်နွယ်လာတဲ့ ပြဿနာရပ်တွေကို ဖြေရှင်းရေးနဲ့ ဥရောပရဲ့ ငွေကြေး ဈေးကွက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေတာ တည်ငြိမ်သွားစေရေးတို့ အတွက် အရေးပေါ် ရန်ပုံငွေ တရပ် ထူထောင်သွားကြဖို့ ဥရောပ ၁၆ နိုင်ငံက ခေါင်းဆောင်တွေ မနေ့က သဘောတူညီခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရာဇဲလ် မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ယူရို ငွေကြေးစနစ် သုံးစွဲတဲ့ ဥရောပနိုင်ငံ ၁၆ နိုင်ငံရဲ့ အစည်းအဝေးကနေ ဒီရန်ပုံငွေ အစီအစဉ် အသေးစိတ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဆက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဂရိနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လိုငွေပြနေတဲ့ အစိုးရ အသုံးစရိတ် အကြွေးထူပြောနေတာကို ကူညီဖို့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ ကို အရေးပေါ်ချေးငွေအဖြစ် ဂရိနိုင်ငံကို ပေးအပ်ရေး ဥရောပ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပြီးပါပြီ။

အခုလိုပဲ ယူရိုငွေကြေး သုံးစွဲတဲ့ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေ အပါအဝင် တခြားသော နိုင်ငံတွေမှာလည်း ဂရိနိုင်ငံမှာလို အလားတူ ဘဏ္ဍာငွေကြေး ပြဿနာတွေ ကြုံရဖွယ်ရှိတယ်လို့လည်း စိုးရိမ်နေကြပါတယ်။ ဥရောပရဲ့ ယူရို ဘုံငွေကြေးစနစ် ဖန်တီးပေါ်ပေါက်လာပြီးကတည်းက အခုကြုံရတဲ့ ပြဿနာဟာ အကြီးမားဆုံး ဖြစ်တယ်လို့ ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ က ပြောပါတယ်။

ဥရောပ ကော်မရှင်ဥက္ကဌ ဟိုဆေး ဘာရာဆို ကလည်း ယူရိုငွေကြေးစနစ် ပြိုလဲမသွားအောင် ကာကွယ်ရေးအတွက် ဥရောပ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အင်တိုက်အားတိုက် လုပ်ဆောင်နေကြတယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG