သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင် ရွေးကောက်ပွဲ စတင်


ဒီကနေ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ သမ္မတသစ် တဦး၊ လွှတ်တော်နဲ့ လူဦးရေ ၁၇,၀၀၀ လောက်ရှိတဲ့ နိုင်ငံတော်ဆိုင်ရာ၊ ဒေသဆိုင်ရာ အရာရှိတွေကိုပါ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေ မပေါ်ပေါက်လာအောင်နဲ့ ပြည်သူတွေ အေးအေးချမ်းချမ်း မဲပေးနိုင်ကြဖို့ ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြပါတယ်။

သမ္မတလောင်း ၀င်ရွေးကြတဲ့ သူတွေထဲမှာ ထိပ်ဆုံးက ပြေးနေကြတဲ့ ၃ ဦးကတော့ အရင်သမ္မတဟေင်း ကိုရာဇန် အကွီနိုရဲ့ သားဖြစ်သူ ဘန်နီနို နွိုင်နွိုင်အကွီနို (Benigno Aquino)၊ နောက်တဦးကတော့ သမ္မတဟောင်း တဦးဖြစ်တဲ့ ဂျိုးဇက်ဖ် အစ္စတြာဒါ (Joseph Estrada) နဲ့ စီးပွားရေးသမား မန်နီ ဗီလာ (Manuel Villar) တို့ ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး ကာလတွေမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆိုပေမဲ့ မနေ့တုန်းကတော့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူအနည်းဆုံး ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း ရွေးကောက်ပွဲအတွက် အပိုဆောင်းပြီး ချထားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရဲ့ နေရာ အတော်များများမှာ တိုက်ရိုက် ထိန်းချုပ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဖိလစ်ပိုင်ပြည်သူ သန်း ၅၀ လောက် ဒီကနေ့ မဲတွေ ပေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီနှစ် ရွေးကောက်ပွဲရဲ့ ထူးခြားချက် တခုကတော့ ပထမဆုံးအကြိမ် အဖြစ် ကွန်ပျူတာစနစ်နဲ့ မဲရေတွက်စက်တွေကို အသုံးပြုမှာပါ။ ဒါပေမဲ့လည်း အဲဒီစက်တွေမှာ နည်းပညာဆိုင်ရာ ပြဿနာတွေ ရှိနေလို့ တချို့မဲတွေကို လက်နဲ့ပဲ ရေတွက်ရမယ့် သဘောပါ။ အဲဒါကြောင့် ရွေးကောက်ပွဲ ရလဒ်က ခန့်မှန်းထားတာထက် သီတင်းပတ် အတော်ကြာ နောက်ကျသွားနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG