သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးမည်


ပြီးခဲ့တဲ့သီတင်းပတ် ဗြိတိန်နိုင်ငံက ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့ လေဘာပါတီရဲ့ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က အတိုက်အခံ လစ်ဘရယ်ပါတီနဲ့ သူ့ရဲ့ လေဘာပါတီတို့ အစိုးရသစ်ကို ပူးတွဲပြီး မဖွဲ့နိုင်ခဲ့ဘူးဆိုရင် လာမယ့် စက်တင်ဘာလမှာ သူ ရာထူးကနေ နှုတ်ထွက်ပေးမယ်လို့ ဆိုပါတယ်။

အခုလို မမျှော်လင့်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်ပွဲ ရလဒ်တွေဟာ သူ့ရဲ့ အရည်အချင်းကို အကဲဖြတ်ပေးခဲ့တယ်လို့ မစ္စတာ ဘရောင်းက ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဝန်ကြီးချုပ် ရာထူးမှာ လိုတာထက် ပိုကြာအောင် မနေချင်ဘူးလို့ ပြောပါတယ်။

စက်တင်ဘာလမှာ ရာထူးက နှုတ်ထွက်ဖို့ သူက ကမ်းလှမ်းခဲ့ပြီး သူ့ပါတီကိုလည်း နောက် ဝန်ကြီးချုပ်အသစ် ဖြစ်နိုင်မယ့် ခေါင်းဆောင်မျိုးကို ရွေးချယ်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG