သုံးရလွယ်ကူစေသည့် Link များ

ခလေးငယ်များအား စစ်သားအဖြစ် အတင်းအဓမ္မခေါ်ယူသိမ်းသွင်းနေ


မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်အရွယ် ခလေးငယ်များကိုပင် စစ်တပ်အတွင်းသို့  အတင်းအဓမ္မသိမ်းသွင်းနေကြောင်း လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ထုတ်ပြန်ပြောကြသည်။

စစ်သားစုဆောင်သူများအား ငွေကြေး၊ မက်လုံးများပေး၍ စစ်သားသစ်များရရှိအောင် စစ်အစိုးရလုပ်ဆောင်နေကြောင်း နယူးရော့အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  သတင်းထုတ်ပြန်မူတွင် ဖော်ပြထားသည်။

အရေအတွက်အားဖြင့် နည်းပါးပေမယ့် လက်နက်ကိုင် တိုင်းရင်းသား သူပုန်အုပ်စုများလည်း ခလေးငယ်များအား စစ်သားအဖြစ် အသုံးပြုနေကြောင်း "ရောင်းစားခံရစစ်သားများ" ဆိုတဲ့ သတင်းမှတ်တမ်း မှာ ဖော်ပြထားသည်။

ပြီးခဲ့တဲ့ လူထုဆန္ဒပြပွဲတွင် ဖမ်းဆီးခံထားရသူများထဲမှ နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်ကို လွတ်ပေးလိုက်တဲ့အကြောင်း သတင်းထုတ်ပြန်မူတွင် ဖော်ပြထားသည်။

XS
SM
MD
LG