သုံးရလွယ်ကူစေသည့် Link များ

အထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များ နဲ့ စစ်အစိုးရ တရားစီရင်မှု


စက်တင်္ဘာ ၂၀၀၇ မှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာများ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်ခဲ့သလို၊ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီ ဓါတ်ဆီဈေးနှုန်း နဲ့ ကုန်ဈေးနှုန်း တက်လာတဲ့အပေါ် ဦးဆောင်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့လို့ အဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး တို့လည်း စစ်အစိုးရ အကျဉ်းစခန်းထဲမှာ အကျဉ်းကျခံနေရတာ တနှစ်ကျော်ကြာလာခဲ့ပါပြီ။ ဒီ အထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ သူတို့တတွေကို ရန်ကုန်တိုင်း တရားရုံးရှစ်ခုမှာ အမှုပေါင်း နှစ်ဆယ့်တစ်မှုနဲ့ တရားစွဲဆိုထားခြင်းကို ခံနေရပါတယ်။ ဒီ မတရား စွပ်စွဲစီရင်ချက်တွေအပေါ် ရှင်းလင်းသိရှိနိုင်ဖို့ ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှုး ဦးအောင်ထူး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG