သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေလ ဒုတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်


မေလ (၈) ရက် မှ မေလ (၁၅) ရက်နေ့အထိ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ~ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ပေမယ့် နိုင်ငံခြားသံတမန်များ နဲ့ သတင်းမီဒီယာများနဲ့ ဆက်သွယ်လုပ်ကိုင်နေမယ်ဆိုတဲ့ အကြောင်း ပြောဆိုချက်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တချို့ သီးခြားနိုင်ငံရေးပါတီ ထူထောင်လုပ်ကိုင်နေမှုအကြောင်း။ အမေရိကန်အစိုးရ မြန်မာစစ်အစိုးရကို တိုင်းပြည်ကို စစ်မှန်တဲ့နိုင်ငံရေး အခွင့်အလမ်းများ ဖွင့်ပေးလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆို။ စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်စို့မှု သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် (Republican) အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ရဲ့ အဆိုတင်သွင်း တောင်းဆိုမှု။ ထိုင်းဝန်ကြီးချုပ် အဖီဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) ရှပ်နီ (red shirts) ဆန္ဒပြပွဲများကို အဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုချက်။ New York မြို့ Times Square မှာ ဗုံးခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်ဖွား၊ အမေရိကန် နိုင်ငံသား ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) ရဲ့ နောက်ဆက်တွဲသတင်းများ နဲ့

သတင်းဆောင်ပါးကဏ္ဍမှာ
နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ နဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များအတွက် ပညာသင် ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားများအကြောင်း ကိုသိန်းထိုက်ဦး တင်ပြပေးထားတဲ့ သတင်းဆောင်းပါး

မနန္ဒာချမ်း တင်ပြပေးထားတဲ့ စစ်တပ်ခေါင်းဆောင်များ တပ်မတော်က အနားယူပြီး အရပ်သားအဖြစ် နိုင်ငံရေး ပါတီထောင် ပြင်ဆင်လုပ်ကိုင်နေမှုအပေါ် ပြည်သူများရဲ့ ဝေဖန်သုံးသပ်ပြောဆိုနေတဲ့ သတင်းဆောင်းပါး။

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးကြီး ပြောင်းရွှေ့ဖို့ ပြင်ဆင်လုပ်ကိုင်နေတဲ့အကြောင်း ကိုရန်နိုင်ရဲ့ သတင်းဆောင်းပါး။

မသင်းသီရိ တင်ပြပေးထားတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း (Shanghai) မြို့မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံပေါင်း (၂၀၀) ကျော် ပါဝင်ပြသထားတဲ့ "Better City, Better Life" - Expo 2010 Shanghai China အကြောင်း သတင်းဆောင်းပါး။

နော်ရှိုးတင်ပြပေးထားတဲ့ ဗွီအိုအေသတင်းထောက် Gary Thomas ရဲ့ (Broadband) | (Dial-up)
(Broadband) | (Dial-up)

မိမိမှာ broadband လို မြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှု (internet connection) ရှိနေရင် ဖိုင်အကြီးစား (broadband) လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ပါ။ တကယ်လို့ နှေးကွေးတဲ့ ဖုန်းလိုင်းကတစ်ဆင့် (dial-up) အင်တာနက်ချိတ်ဆက်မှု နဲ့ ဆိုရင်တော့ ဖိုင်အသေးစား dial-up လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ပါ။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များ

These videos are the property of VOA Burmese Service and hosted on YouTube

အပိုင်း (၁)

အပိုင်း (၂)

အပိုင်း (၃)

အပိုင်း (၄)

XS
SM
MD
LG