သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ကို ပါကစ္စတန် အားပေးဟု အာဖဂန်စွပ်စွဲ


ပါကစ္စတန်နိုင်ငံဟာ တာလီဘန်သောင်းကျန်းသူတွေအပေါ် အစောပိုင်းက ထင်ထားတာထက် ပိုမို သြဇာသက်ရောက်မှုရှိပြီး အများမြင်ကွင်းမှာ ကတိပြု ပြောဆိုနေတာတွေနဲ့ ဆန့်ကျင်ပြီး အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်အောင် ခေါ်ဆောင်လာလိုတဲ့ ဆန္ဒမရှိဘူးလို့ အာဖဂန်အရာရှိတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အာဖဂန်နဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့ ပေါ်လစီဟာ လုံးပစ်ပယ်ထားတယ်ဆိုပေမဲ့ တကယ်တော့ ပစ်ပယ်ထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း အမည်မဖော်လိုတဲ့ သမ္မတ Ashraf Ghani ရဲ့ အနီးကပ် အကြံပေးတဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ဖြစ်နေတဲ့ အာဖဂန်နိုင်ငံအတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို တန်ပြန်နိုင်ဖို့အတွက် ပါကစ္စတန်စစ်တပ်ဟာ တာလီဘန်သောင်းကျန်းသူတွေနဲ့ Haqqani စစ်သွေးကြွအဖွဲ့တို့ကို တိတ်တဆိတ် အကူအညီပေးနေတယ်လို့ အာဖဂန်နိုင်ငံက အစောပိုင်းကတည်းက သံသယ ရှိနေခဲ့တာပါ။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif အပေါ် ယုံကြည်မှု ပိုရှိခဲ့ပေမဲ့ သူဟာလည်း ပေးထားတဲ့ ကတိတွေကိုဖျက်ပြီး အာဖဂန်နိုင်ငံအပေါ် လှည့်ဖျားနေတယ်လို့ ယုံကြည်ရအောင်း သမ္မတ Ghani ရဲ့ အကြံပေးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG