သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရက်သောက် ကင်ဆာဖြစ်


အရက်အရောင်းဆိုင်။
အရက်အရောင်းဆိုင်။

အရက်နဲ့ ကင်ဆာရောဂါ ၇ မျိုး ဆက်စပ်မှုတွေကို သုတေသန လေ့လာမှု အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ စအိုကင်ဆာ၊ အစာမြိုပြွန်ကင်ဆာ၊ ရင်သားကင်ဆာ ရောဂါတွေဟာ အရက်ကြောင့် ဖြစ်ရတာလို့ နယူးဇီလန်နိုင်ငံ Otago တက္ကသိုလ်က သုတေသနပညာရှင်တွေ Addiction ဆေးပညာ ဂျာနယ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အရက်သောက်သုံးမှုနဲ့ ကင်ဆာရောဂါအကြား ဆက်နွယ်မှုရှိတဲ့ အထောက်အထားတွေ ရှိခဲ့ဖူးပေမဲ့ - အခုနောက်ဆုံး လေ့လာချက်ကတော့ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းအဖြစ် ပြောဆိုထားပါတယ်။

ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေ၊ အမေရိကန် ကင်ဆာသုတေသနဌာနနဲ့ ကင်ဆာ သုတေသန နိုင်ငံတကာအေဂျင်စီ တို့လို အဖွဲ့တွေကနေ အချက်အလက်တွေကို စုဆောင်းပြီး၊ ၁၀ နှစ်နီးပါးကြာ အကြီးအကျယ် သုတေသန လေ့လာခဲ့ တဲ့ တွေ့ရှိချက်လည်း ဖြစ်ပါတယ်။

အရက်အလွန်အကျွံ သောက်တဲ့သူတွေကြားမှာ ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ဟာ အများဆုံးဖြစ်ပေမဲ့ - နည်းနည်းပါးပါး နဲ့ တော်ရုံတန်ရုံ သောက် တဲ့သူ နှစ်မျိုးစလုံးမှာလည်း သက်ရောက်မှုတွေ ရှိကြတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ကင်ဆာကြောင့် သေဆုံးရသူအားလုံးရဲ့ ၅.၈ ရာခိုင်နှုန်းဟာ အရက်ကြောင့်ဖြစ်တယ်လို့လည်း သုတေသန လေ့လာချက်က ပြောဆိုထားပါတယ်။

အရက်သောက် ကင်ဆာဖြစ်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG