သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့မလျှော့ ကန်စဉ်းစား


ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

မြန်မာနိင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံရောက်ရှိစဉ် အတွင်းမှာ လျှော့ပေါ့ပေးကောင်းပေးနိုင်တယ်လို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဘယ်အတိုင်းအတာအထိ လျှော့ပေါ့ပေးမလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး သမ္မတ အိုဘားမား ဆုံးဖြတ်ချက်ချမယ်လို့ ခန့်မှန်းရကြောင်း သတင်းမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့စီးပါွးရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ထိပ်သီး ညီလာခံကို သမ္မတအိုဘားမားတက်ရောက်ပြီးရင် လာ အိုနိုင်ငံ၊ ဗီယန်ကျင်မှာ အင်္ဂါကနေ ကြာသပတေးနေ့အထိကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး အဲဒီထိပ်သီးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလ ၁၄ နဲ့ ၁၅ ရက်နေ့မှာ လာရောက်မှာဖြစ်ပြီး သမ္မတ အိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒန်တို့ အပြင် လွှတ်တော် အမတ်တွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိ ပါတယ်။ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလျှော့ချရေးနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ မှတ်ချက်မပေးပါဘူး။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ဒီ အရေးယူဒဏ်ခတ် မှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ ဖိအားပေးရာရောက်တဲ့အတွက် အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ HRW သောကြာနေ့ ကပဲ တောင်းဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG