သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ မွန်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ


ရွေးကောက်ပွဲနေ့ မွန်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ
ရွေးကောက်ပွဲနေ့ မွန်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ

ကျော်အောင်လွင်။ ။ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအပြီး မဲရုံတွေပိတ်အပြီး နောက်ဆုံးဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေသိရသလဲဆိုတာကို ရှင်းပြပေးပါခင်ဗျာ။

နိုင်ကွန်းအိမ်။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်မှာ မဲရုံ ၁၂ ရုံက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွေအနေနဲ့ မဲအပြတ်အသတ် နိုင်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ မြို့နယ်ကော်မရှင်ရုံးက အတည်မပြုပေးဘူးဆိုတော့ သူတို့ကလည်း ဘာမှာ မပြောသေးဘူးခင်ဗျ။

ကျော်အောင်လွင်။ ။ တခြားနေရာတွေမှာရော ဘာတွေများကြားပါသလဲခင်ဗျ။

နိုင်ကွန်းအိမ်။ ။ မုဒုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ဘက်မှာလည်း အခြေအနေတော့ကောင်းတယ်လို့ သူတို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ဒီမဲရုံအားလုံးက မဲရေတွက်မှု မပြီးဆုံးသေးတော့ သူတို့အနေနဲ့ ဘာမှတော့ အတည်မပြုသေးဘူး။

ကျော်အောင်လွင်။ ။ အခြေအနေကောင်းတယ်ဆိုတာ ဘာကိုပြောတာလဲခင်ဗျ။

နိုင်ကွန်းအိမ်။ ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲအများအပြားပေးခဲ့တဲ့ သတင်းတွေပေါ့နော်။ အဲဒီမှာ သူတို့တွေ ကြားနေရတယ်။ ဒါပေမဲ့ အားလုံးခြုံပြီးတော့ သူတို့ကပြောလို့မရသေးဘူး။

ကျော်အောင်လွင်။ ။ ဟုတ်ကဲ့၊ မွန်ပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တ.စ.ည ပါတီရဲ့ အနေအထားကရော နောက်ဆုံး ဘယ်လိုကြားပါလဲခင်ဗျ။

နိုင်ကွန်းအိမ်။ ။ ပြည်ခိုင်ဖြိုးပါတီကတော မဲမသမာမှုတွေ အများအပြားလုပ်ခဲ့တယ်လေ။ ဥပမာ မုဒုံမြို့နယ်မှာဆိုရင် မဲလိမ်မှု တွေ၊ ပြီးတော့ မဲပေးတဲ့သူတွေလက်ထဲကို အတင်း မဲလက်မှတ်ယူပြီး ချိတ်ခဲ့တာတွေ၊ ကမာဝှက်ဘက်မှာ မဲလိမ်ခဲ့တာတွေတော့ အများကြီး ရှိတယ်ပေါ့နော်။ တ.စ.ည ပါတီအနေနဲ့ သူတို့ကတော့ သူတို့ပါတီကြီး သိက္ခာရှိရှိနဲ့ပဲ လုပ်ဆောင်တာတွေကို တွေ့ရတယ်။ သူတို့အနေနဲ့ ညစ်ပတ်တာတော့ သိပ်မရှိဘူး။ အဲဒါယှဉ်လိုက်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက ညစ်ပတ်တဲ့အတွက်ကြောင့် သူတို့ကတော့ တ.စ.ည ထက်စာရင် မဲအများကြီး ရနိုင်မယ်လို့ ထင်ပါတယ်။

XS
SM
MD
LG