သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ


ရွေးကောက်ပွဲနေ့ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ
ရွေးကောက်ပွဲနေ့ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ

ကိုကျော်အောင်လွင် ။ ။ ရခိုင်ဘက်က အခြေအနေကို ကြည့်ရ အောင်ပါခင်ဗျ။ အခု နောက်ဆုံးသိရတာတွေ ရှင်းပြပါအုံး ခင်ဗျ၊ ကိုကျော်ထင်။

ကိုကျော်ထင်။ ။ ရန်ကုန်မှာ ရှိတဲ့ လှိုင်သာယာတို့၊ မြောက်ဥက္ကလာတို့၊ တာမေ၊ွ ပုစွန်တောင်ပေါ့လေ၊ အဲဒီမှာ ဒီ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ၉၀ ရာခိုင်နှုန်း အနိုင်ရထားပြီလို့ ကိုယ်စားလှယ်လောင်း ဦး ဇော်ဝင်းမောင်က ပြောတယ်ဗျ။ စောစောပိုင်းတုန်းက သူတို့ပြောတာက အဲဒီမှာ မဲပေးရမယ့် လူတွေက သူတို့ရဲ့ မဲစာရင်းတွေ မပါလို့ပေါ့လေ။ အဲဒီမှာ မဲပေးဖို့ ပြသနာ ရှိတယ်ဆိုပေမယ့်လည်း ဒါပေမယ့် ရတဲ့မဲတွေ အနေ အထားကို ကြည့်မယ်ဆိုရင် ဟို ၉၀ ရာခိုင်နှုန်း နီးပါး အနိုင်ရနေပြီ ဆိုတဲ့ ပုံစံ မျိုးတော့ ဦးဇော်ဝင်းမောင်က ကျနော့်ကို ပြောတယ်ဗျ။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်က လူတွေနဲ့ ရခိုင်ပါတီက လူတွေနဲ့ မနက်တုန်းက အခြေအတင် ဖြစ်တာတွေလည်း ကြားပါတယ် ခင်ဗျ။ အဲဒီ အခြေအနေတွေ နောက်ဆုံး သိရတာ ဘာပါတဲ့လဲ ခင်ဗျ။

ကိုကျော်ထင်။ ။ အခုကတော့ ဒီ မဲရုံ ပိတ်ခါနီးမှာ ဒီပြသနာတွေက ပြီးသွားပြီဗျ။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံးကို ဖုန်းဆက်ကြည့်တဲ့ အခါကျတော့ ပေါက်တောရယ်၊ မြေပုံရယ်၊ မင်းပြားရယ်၊ စစ်တွေရယ် အဲလိုမျိုး နေရာတွေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကပေါ့နော်၊ မဲအများဆုံး ရနေပြီ ဆိုပြီးတော့ သူတို့ရဲ့ မဲရုံ ကိုယ်စားလှယ်တွေက ပေးပို့လာတယ်လို့ ဆိုတယ်ဗျ။

တဆက်တည်းမှာပဲ ဘာဖြစ်လဲဆိုတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အဲဒီ မဲမသမာမှုတွေကို လိုက်ပြောနေတဲ့ အချိန်မှာ မဲရုံစောင့်တဲ့ မဲရုံ ကိုယ်စားလှယ်တွေကို ကော်မရှင်ကနေပြီးတော့ ဘာပြောလဲ ဆိုတော့ သူတို့မှာ ရှိနေတဲ့ ပယ်မဲတွေကို ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအတွက်ပေါ့လေ၊ ဒါ အတည်ပြုဖို့ ဆိုပြီးတော့ အဲလိုမျိုးတွေ ပြောတယ်ဆိုပြီးတော့ စကားတွေ ကျနော် ကိုယ်တိုင် ကြားတယ်ဗျ။

အခု အခြေအနေ ဆိုးတာက ဘာလဲ ဆိုတော့ ရန်ကုန်မှာ တောင်ဥက္ကလာမှာ အခု ည ၈ နာရီက မဲရုံမှာ သွား ဓာတ်ပုံရိုက်တဲ့ TRUE NEWS ဂျာနယ်က သတင်းထောက် ၂ ယောက်ကို ဖမ်းထားတယ်ဗျ။

ကိုကျော်အောင်လွင်။ ။ ဓာတ်ပုံ ရိုက်မှုနဲ့ ဖမ်းတာလား။ ဘာကြောင့်ပါလဲ။

ကိုကျော်ထင်။ ။ ဓာတ်ပုံရိုက်မှုနဲ့ ဖမ်းသလားဆိုတာတော့ သေသေချာချာ မသိရသေးဘူးဗျ။

XS
SM
MD
LG