သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားပြုမှု မှန်ကန်မှ ရွေးကောက်ပွဲ အဓိပ္ပာယ်ရှိ


ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အရေးကြီးတယ်ဆိုတဲ့ဟာကို လူတွေက နားလည်ထားကြတယ်။

ဒီမိုကရေစီနိုင်ငံတော် ထူထောင်မယ်ဆိုရင်တော့ ရွေးကောက်ပွဲက အရေးကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲဆိုတာက လူတန်းစားတရပ်ကိုသော်လည်းကောင်း၊ ပြည်သူတရပ်ကိုသော်လည်းကောင်း ကိုယ်စားပြုရမယ်။ ကိုယ်စားပြုတယ်ဆိုတာ - ဒီ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ကိုယ်စားပြုတာ လိုချင်လို့လုပ်တာ။

အဲဒီတော့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာက ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်သူအများက လက်ခံထားတဲ့ဆန္ဒအရ လုပ်တာ။ အဲဒီတော့ ကျနော်တို့က ဘာသွား သတိရသလဲဆိုတော့ လင်ကွန်းရဲ့ ဒီမိုကရေစီစနစ်အကြောင်းပြောတဲ့ စကားလေး။ အဲဒါ ကြာပါပြီ နှစ်ပေါင်း တော်တော်ကြာပြီ။ နှစ်ပေါင်း သုံး လေးရာလောက်က ပြောခဲ့တာ။

သူက - Government of the People, by the people, for the people တဲ့။ နိုင်ငံတော်ကို ထူထောင်တဲ့အခါမှာ နိုင်ငံတော်ကို ပြည်သူက ရွေးကောက်တင်မြှောက်ရမယ်။ ပြည်သူက တင်မြှောက်တာမှ အစိုးရလို့ အတည်ဖြစ်တာကိုး။ အဲဒီတော့ အစိုးရဟာ နိုင်ငံတော်၏၊ နိုင်ငံတော် အတွက်၊ နိုင်ငံတော်ကောင်းကျိုးအတွက် လုပ်တဲ့စနစ်ဖြစ်တဲ့အတွက် အဲဒါကို ကျနော်တို့က မှန်ကန်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ရွေးကောက်ပွဲမျိုး ကို လုပ်ရမယ်။

ရွေးကောက်ပွဲလုပ်တာဟာ ကိုယ်စားပြုမှု မှန်ကန်မှသာလျှင် ရွေးကောက်ပွဲရဲ့အဓိပ္ပာယ်ကလည်း ရှိတယ်၊ ဒီမိုကရေစီစနစ်နဲ့လည်း ကိုက်တဲ့ ဟာကို ကျနော်တို့က ရွေးချယ်တင်မြှောက်တဲ့အစိုးရရှိမှသာလျှင် ဒါ တရားဝင်အစိုးရလည်းဖြစ်တယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရလည်း ဖြစ်တယ်၊ အဲဒီလို ကျနော်ယုံကြည်ထားပါတယ်။

ကျနော့်အသက် ၉၂ နှစ်အရွယ်ရှိတဲ့ လူတယောက်ရဲ့ အတွေ့အကြုံတွေက သိပ်တော့ မတင်ဘူး။ ဒါ မတင်တာကို ပြောတာနော်၊ ခုကတော့ စိတ်ထင်ဆိုတာကတော့ ထင်လို့တော့ ရတာပေါ့။ ကျနော်က ခေတ်သုံးခေတ်ကို ဖြတ်သန်းခဲ့တယ်။ ရွေးကောက်ပွဲဆိုတဲ့ဟာက ကိုယ်စားပြုမှု ရှိရမယ်။ ကိုယ်စားပြုမှုရှိမှသာ ဒီအစိုးရဟာ တကယ့်အစိုးရလို့ ခေါ်နိုင်တဲ့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ စနစ်ရှိတဲ့ ဒီမိုကရေစီစနစ်နဲ့သွားမယ့် အစိုးရမျိုးကိုသာ ကျနော်တို့က လိုချင်တာကို။

XS
SM
MD
LG