သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLDပါတီဝင် ဗိုလ်မှူးဟောင်းဦးမိုးအောင်ကျော်၏ ဘဝကောက်ကြောင်းနှင့် နိုင်ငံရေးအမြင်သဘောထား


တပ်မှူးတပ်သား ပြောစကား (၁၁၀)

ပြည်ပမီဒီယာတွေကို ဆက်သွယ်မှုအပါအဝင် အမှုများစွာနဲ့ ထောင်ဒဏ် (၂၆)နှစ် ချမှတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၃)ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ စစ်တက္ကသိုလ် အပတ်စဉ်(၃၀)က ကျောင်းဆင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဗိုလ်မှူးဟောင်း ဦးမိုးအောင်ကျော်ရဲ့ ဘဝကောက်ကြောင်းနဲ့ နိုင်ငံရေးအမြင် သဘောထားတွေကို၊ ဆက်သွယ်မေးမြန်း ပြီး၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက တင်ဆက်ထားပါတယ်။

ဦးမိုးအောင်ကျော် ။ ။ ကျနော် စစ်တက္ကသိုလ်ကို ၁၉၈၅ မှာ တက်ခဲ့ပါတယ်။ ကျနော် ၁၉၈၉မှာ ကျောင်း ဆင်းခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး mother unit (မိခင်တပ်)ကတော့ ခြေမြန်တပ်ရင်း (၁၁၄)(နောင်ချို)ပါ ခင်ဗျာ။ Officiating Major (တစ်နှစ် အစမ်းခန့် ဗိုလ်မှူး) အနေနဲ့၊ ခြေလျင်တပ်ရင်း (၂၆)(တောင်ငူ)မှာ ကျနော် တာဝန်ထမ်း ဆောင်ခဲ့ရပါတယ်။ ဗိုလ်မှူးဖြစ်ပြီးတော့ နောက်ဆုံးအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ရဲ့ အခြေချစစ်ဗျူဟာ (နမ့်ခမ်း)က ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးရီရဲ့ လက်အောက်မှာ စစ်ဦးစီးမှူး (ဒုတိယ တန်း) G-2 တာဝန်ကို၊ ၂၀၀၀ ခုနှစ် ဖေဖေါ်ဝါရီလ အထိ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် မူဆယ်မှာ တာဝန်ကျနေတုံး၊ ကွတ်ခိုင်တို့ လားရှိုးတို့က ခေါ်ဆောင်လာတဲ့ စစ်ဆင်ရေးဝန်ထမ်း (ပေါ်တာ)တွေကို၊ ကျနော်တို့ဆီ ပို့ပါတယ်။ ရိက္ခာစု စခန်းတွေ ထောက်ပို့စခန်း တွေ အတွက်ပါ။ ကျနော်တို့ ဗျူဟာအတွက် ခွဲတမ်းရတဲ့ စစ်ဆင်ရေးဝန်ထမ်း(၂၀၀)ထဲမှာ၊ ဘယ်သူတွေ ပါလာလဲဆိုတော့ လက်ရှိ အဝေးသင်တက္ကသိုလ် (ဒုတိယနှစ်)တက်နေတဲ့ ကျောင်းသားလေး နှစ်ယောက်၊ ဆယ်တန်းစာမေးပွဲ ဖြေနေတဲ့ ကျောင်းသားလေး သုံးယောက်၊ ကိုးတန်းကျောင်းသားလေးက တစ်ယောက်၊ အားလုံး(၆)ယောက် ရောပြီး ပါလာခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဗျူဟာမှူးကိုတင်ပြပြီး၊ ဒီကလေးတွေ ကျောင်းသားလေးတွေကို ကျနော် ပြန်လွှတ်ပေးခဲ့ ပါတယ်။ အဲဒီလို ပြန်လွှတ်ပေးလိုက်တာဟာ၊ ပြီးသွားပြီလို့ ကျနော်က အောက်မေ့ခဲ့တယ်။ အဲဒါနဲ့ ပတ်သက် ပြီး ကျနော့်ကို အမှတ်(၉) ထောက်လှမ်းရေးတပ် (လားရှိုး)က တိုင်စာ ပို့ခဲ့ပါတယ်။ တိုင်စာမှာ ဘယ်လိုပါလဲ ဆို တော့၊ ကျနော်ဟာ ဒီကလေးတွေရဲ့ မိဘတွေဆီက အခကြေးငွေတောင်းယူပြီး ဒီကလေးတွေကို ပြန် လွှတ်ပေးခဲ့တယ်လို့ ပါပါတယ်။ အဲဒါက ကျနော် ဖြေရှင်းလို့ ရတယ်။ ကျနော်တို့မှာ သက်သေအထောက် အထား အခိုင်အမာရှိတယ်။ ဒါပေမဲ့ အဲဒါထက် ပိုပြီးဆိုးတဲ့အမှုက၊ ကျနော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က (အငြိမ်းစား) ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးနဲ့ အဆက်အသွယ် ရှိတယ်၊ ကျနော့်ရဲ့ အဖေဟာ သူရဦး တင်ဦးရဲ့ တပည့်တစ်ဦး ဖြစ်တယ်၊ ဆိုတာတွေပါ ထောက်လှမ်းရေး(၉)ကနေ ကက(ကြည်း)(ကာကွယ်ရေး ဦးစီးချုပ်-ကြည်း ရုံး)ကို ပို့တဲ့ တိုင်စာထဲမှာ အဲဒါမျိုးတွေပါ ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး (ရမခ)တိုင်း စစ် တရားရုံးက ကျနော့်ကို ပုဒ်မ(၅၀)၊ ပုဒ်မ(၆၅)တို့နဲ့ စွဲတယ်။ ပုဒ်မ(၅၀)က အထက်အမိန့်ကို မနာခံမှု၊ (၆၅) ကတော့ စစ်စည်းကမ်း ဖေါက်ဖျက်မှုပါ။ အဲဒီတုံးက (ရမခ)တိုင်းမှူးက အခု လက်ရှိ ဒုတိယသမ္မတ ဖြစ်နေတဲ့ သီဟသူရ ဦးတင်အောင်မြင်ဦး ပါ။ အဒီလို ပုဒ်မတွေနဲ့ အရေးယူပြီး ကျနော့်ကို ပြင်းထန်စွာပြစ်တင်ရှတ်ချပြီး တပ်မတော်မှ ထုတ်ပယ်လိုက်သည် ဆိုတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် မကျေနပ် ဘူးခင်ဗျ။ ကျနော့်ဘက်က အမှားအယွင်းတစ်ခုမှ မရှိဘူး၊ ကျနော့်အဖေဆိုရင် ဒုတိယဗိုလ်မှူးကြီးမောင်ေ ကျာ်ပါ။ ခြေလျင်တပ်ရင်း အမှတ်(၇)ရဲ့ တပ်ရင်းမှူးအနေနဲ့ စီစီဝမ်တာပန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အထိ တာဝန်ထမ်း ဆောင်သွားခဲ့ပါတယ်။ ကျနော့်ကိုလည်း တပ်ထဲမှာပဲမွေးပြီး၊ ကျနော်က တပ်ထဲမှာပဲ ကြီးပြင်း ခဲ့တာပါ။ တပ်မတော်နဲ့ ပတ်သက်ပြီး ကျနော့်မှာ သစ္စာဖေါက်ဖျက်တာ ဘာမှ မရှိဘူး။ တာဝန်ပျက်ကွက်ခဲ့ တာလည်း မရှိဘူး။ ဒါပေမဲ့ ထောက်လှမ်းရေးနဲ့ ကြံ့ခိုင်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းအပြစ်ရှာပြီး ကျနော့်ကို အရေးယူတာ ခံရတဲ့အတွက်၊ မခံချင်လို့ ၂၀၀၀ ခုနှစ် မေလမှာ၊ ကျနော် ရန်ကုန်ကို ဆင်းလာတယ်။ ပြည်ပ သတင်းဌာနတွေနဲ့ ချိတ်ဆက်ပြီး အဖြစ်မှန် ကို ဖေါ်ထုတ်ဖို့ ကျနော် ကြိုးစားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေး (NIB – National Intelligence Bureau) က ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ ပုဒ်မ ၁၂၄ (က)၊ ၁၇ (၁)၊ ၅၀၅ (ခ) ဆိုတာတွေနဲ့ တရားစွဲတယ်။ ၁၂၄ (က) ဆိုတာ၊ နိုင်ငံ တော်အစိုးရကို အကြည်ညိုပျက်စေအောင် အားထုတ်မှု၊ ၁၇ (၁) က ပြည်ပအဖွဲ့အစည်းများနဲ့ ဆက်သွယ်ရန် တရားမဝင် ကြိုးစားမှု၊ ၅၀၅ (ခ) က အစိုးရဌာနဆိုင်ရာအဖွဲ့ အစည်းများကို ခြိမ်းခြောက်နိုင်တဲ့ စာတွေရေးပို့မှုတွေပါ။ ဒါတွေအပြင် နောက်တစ်ခုက တားမြစ်နယ်မြေဖြစ် တဲ့ အရေးကြီးနယ်မြေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးဝင်းအတွင်းကို တရားမဝင် ဝင်ရောက်ဖို့ကြိုး ပမ်းမှုဆိုပြီး ပုဒ်မ(၁၄၄)။ အဲဒီ ပုဒ်မ လေးခုနဲ့ စွဲဆိုပြီး၊ ကျနော့်ကို ၂၀၀၀ခုနှစ် ဇူလိုင်(၁၂)ရက်နေ့မှာ၊ အင်းစိန်ထောင်ထဲက ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အထူး တရားရုံးက၊ ထောင်ဒဏ် (၂၆)နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ သိချင်တာကတော့ နိုင်ငံခြားမီဒီယာတွေ(သို့မဟုတ်) နိုင်ငံခြားအဖွဲ့ အစည်းေ တွနဲ့ တရားမဝင် ဆက်သွယ်မှုဆိုတာက၊ ကိုယ်က တပ်ထဲမှာမှ မဟုတ်တော့ပဲနဲ့၊ ဘာဖြစ်လို့ အဲ့ဒီ့ ပုဒ်မနဲ့ အကျုံးဝင်တာလဲ။ ကိုယ်က အရပ်သား ဖြစ်နေပြီ။ အရပ်သားဖြစ်နေတော့ ဘယ်သူနဲ့မဆို ကိုယ့်ဟာကိုယ် ဆက်သွယ်ချင် ဆက်သွယ်မှာ ပေါ့။

ဦးမိုးအောင်ကျော် ။ ။ ပုဒ်မ ၁၇(၁)ဆိုတာ၊ အရပ်ဘက်ပုဒ်မ လေ။ ကျနော့်ကို နောက်ဆုံး အမိန့်ချတာက လဲ၊ အင်းစိန်ထောင်ထဲက ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးလေ။ အရပ်ဘက် တရားရုံးလေ။

ဦးရော်နီညိမ်း ။ ။ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တရားမဝင် ဆက်သွယ်မှုဆိုတာ၊ အရပ်သားတွေနဲ့လည်း ဆိုင်တယ် ပေါ့။

ဦးမိုးအောင်ကျော် ။ ။ ဟုတ်ပါတယ်။ အရပ်သားတွေကိုလည်း အဲဒါနဲ့ စွဲပါတယ်။ အခုကို ထောင်ထဲမှာ ပုဒ်မ ၁၇(၁) နဲ့ စွဲခံခဲ့ရတဲ့ အရပ်သားတွေ အများကြီး ရှိနေပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီအချိန်တုံးက ခုခံချေပဖို့အတွက် ရှေ့နေ မငှားဘူးလား။

ဦးမိုးအောင်ကျော် ။ ။ လုံး၀ ငှားမပေးဘူးခင်ဗျ။ ကျနော့်ကို တစ်နေ့ထဲ ရုံးတင်၊ အဲဒီတစ်နေ့ထဲမှာပဲ အမိန့်ချတာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတုံးက ကိုယ့်ကိုအမှုလုပ် ဖမ်းဆီးပြီး ထောင်ချခဲ့တဲ့ ထောက်လှမ်းရေးတွေ ကို၊ ထောင်ထဲမှာ ပြန်မတွေ့ခဲ့ဘူးလား။

ဦးမိုးအောင်ကျော် ။ ။ တွေ့ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ တွေ့ခဲ့တော့၊ သူတို့လုပ်ခဲ့တဲ့ ကိစ္စ သူတို့က ဘာပြောလဲ။

ဦးမိုးအောင်ကျော် ။ ။ သူတို့ကတော့ ပြောတပဲ။ အထက်အမိန့်အရ ကျနော့်ရဲ့မျက်ကွယ်မှာ လိုအပ်တဲ့ စုံစမ်းစစ် ဆေးမှုတွေ သူတို့ဟာ သူတို့လုပ်ခဲ့တယ်၊ ကျနော့်ကို တစ်ရက်ထဲမှာ ရုံးထုတ် အမိန့်ချတာကလည်း အထက်အမိန့်အရ ပါတဲ့။ သူတို့ကတော့ ကျနော်နဲ့ပတ်သက်တဲ့ ကျနော့်ရဲ့case history ကို အသေးစိပ်ရေး ပြီး (သက်/ချုပ်) သက်သေခံအကျဉ်းချုပ် (summary of evidence) ကို အထက်ကို တင်လိုက်ရတာပါတဲ့။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒါကတော့ ကိုယ်ခံခဲ့ရတဲ့ ကိစ္စပေါ့။ ကိုယ့်လိုပဲ အရပ်သားတွေလည်း အများ ကြီး ခံခဲ့ရတယ်၊ ကိုယ့်လောက် မဆိုးတာတွေလည်း ရှိတယ်၊ ကိုယ့်ထက်ဆိုးတာတွေလည်း အများကြီး ရှိ တယ်။ အခု အပြင်ကို ရောက်လာတာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၃)ရက်ကမှ အပြင်ကို ရောက်လာတာပေါ့။

ဦးမိုးအောင်ကျော် ။ ။ ဟုတ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အခုလို အပြင်ကို ရောက်လာတော့၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘယ်လို ပါဝင် ပတ်သက်လာတာလဲ ခင်ဗျ။ ကျနော် အခု သိရှိထားတာက၊ ဦးမိုးအောင်ကျော်က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါတီ ဆို တော့၊ ဘယ်လိုဆက်နွယ်ပြီးတော့ NLD ထဲကို ရောက်လာတာပါလဲ ခင်ဗျ။ နည်းနည်း ရှင်းပြပေးပါ။

ဦးမိုးအောင်ကျော် ။ ။ ကျနော် ထောင်ထဲမှာ နေစဉ်တုံးက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မီတီ (Central Executive Committee) CEC တွေ ဖြစ်တဲ့ ဦးစောနိုင်းနိုင်း၊ မုံရွာ ဦးအောင်ရှင်၊ ဦးစိုးဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဥပဒေအဖွဲ့ဝင်)၊ ဖျာပုံ နီလုံဦး (ဦးအောင်မြင့်)တို့နဲ့၊ အတူနေခဲ့ရပါတယ်။ သူတို့တွေက မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး၊ အတော်များများ ကျနော့်ကို ရှင်းပြခဲ့တယ်။ ဒါက ကျနော် နိုင်ငံရေးနဲ့ ပတ်သက်လာမှု တစ်ခုပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ထောင်ထဲမှာ နိုင်ငံရေးဘက်က အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် မြန် မာ့နိုင်ငံရေးကို နားလည်လာတယ်ပေါ့။ အရင်တုံးကကော မြန်မာ့နိုင်ငံရေးကို အထိုက်အလျောက် သိရှိခဲ့တာ ရှိခဲ့ပါသလား။ ကိုယ် တပ်ထဲကို ဝင်ခဲ့တဲ့အချိန်၊ တပ်ထဲမှာ ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာကော မြန် မာ့နိုင်ငံရေးကို ဘယ်လောက်အထိ နားလည်ခဲ့တဲ့အတိုင်းအတာ ရှိခဲ့ပါသလဲ။

ဦးမိုးအောင်ကျော် ။ ။ အပွင့်လင်းဆုံး ပြောရရင်၊ ခုနက ကျနော် ပြောပြခဲ့သလိုပဲ၊ ကျနော့်ကို မွေးက တည်းက တပ်မတော်အသိုင်းအဝိုင်းအင်အားစု တပ်ထဲက အိမ်ထောင်သည်လိုင်းမှာ မွေးခဲ့တာပါ။ အဲဒီကျ တာ့ တပ်မတော်ရဲ့အခန်းကဏ္ဍကို ကျနော်တို့က လေးလည်းလေးစားတယ်၊ နောက်ပြီးတော့ တပ်မတော် ဆိုတာ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်ကို အသက်ပေးပြီး ထမ်းဆောင်နေတဲ့အဖွဲ့အစည်းလို့ပဲ၊ ငယ်ငယ် ထဲက မြင်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ေဖေဖေလက်ထက်က တပ်မတော်ဟာဆိုရင် ပြည် သူလူထုက တကယ်ကို ချစ်ခင်နှစ်သက်ခဲ့ကြပြီးတော့၊ ရဲဘော်နဲ့အရာရှိတွေဟာ အပြန်အလှန်အားဖြင့် ညီ အစ်ကိုတွေလို သားအဖတွေလိုမျိုး တကယ့်ကို စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နဲ့ နေခဲ့ကြတာပါ။ အဲဒီလို အဖွဲ့အစည်းရဲ့အောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကျနော့်အနေနဲ့ တပ်မတော်ကို တကယ်ကို အထင်ကြီးခဲ့တယ်၊ တကယ်လည်း လေးစားခဲ့တယ်။ ဆယ်တန်းအောင်တဲ့အချိန်မှာ စစ်တက္ကသိုလ် တက်ခဲ့တယ်။ အဲဒီမှာ ဗိုလ်လောင်းဘဝမှာ စပြီး တွေ့လာခဲ့ရတာကတော့၊ ဗိုလ်လောင်းအချင်းချင်းကြားမှာကို လူကြီးသားသမီးဆို တာနဲ့ အခြေခံလူတန်းစား သားသမီးဆိုတာနဲ့ ကွဲပြားနေတာတွေပါ။ အဲဒီကတည်းက ကျနော်တို့ စိတ်ထဲမှာ ကိန်းဝပ်လာတာက၊ တပ်မတော်ဟာ တကယ့်ကို စစ်စစ်မှန်မှန် သန့်သန့်ရှင်းရှင်းနဲ့ နိုင်ငံနဲ့လူမျိုးရဲ့ အကျိုး ကို ထမ်းရွက်လိုတဲ့ တပ်မတော်တစ်ရပ်ဖြစ်လာအောင်လို့ တချိန်ကျရင် ငါတို့လုပ်နိုင်တဲ့ အချိန်ကျရင်တော့ ငါတို့ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာပါ။ အဲဒီစိတ်ကူးစိတ်သန်းက အဲဒီဗိုလ်လောင်းဘဝကတည်းက ရှိခဲ့တာ ပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒါတွေက နိုင်ငံရေးထဲမှာ ပါလာဖို့ ဖြစ်လာတဲ့ အခြေခံအကြောင်းအချက်တွေ ထဲမှာ ပါဝင်နေတာတွေပေါ့။ အဲဒီတော့ ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့၊ ကိုယ်တိုင်လည်း ရှစ်လေးလုံးလူထု အုံကြွမှုကြီး အချိန်ကို ဖြတ်သန်းလာခဲ့သူ တစ်ဦးဖြစ်တော့၊ အခုအချိန်ထိ မြန်မာ့သမိုင်းမှာ အဲဒါထက်ကြီးမား တဲ့ လူထုအုံကြွမှုကြီး မပေါ်ဖူးသေးဘူး ဆိုတော့၊ လူထုကြီးတစ်ရပ်လုံး လှည်းနေလှည်းအောင်း မြင်းဇောင်း မကျန် ပါခဲ့တဲ့ လှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အခု အရပ်ထဲမှာ နေနေပြီ။ အရပ်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံကြရတာကို ကိုယ်တွေ့ကြုံခဲ့ရသလို တပ်ထဲမှာလည်း ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတဲ့သူ ဆိုတော့၊ ဒီ ရှစ်လေးလုံးလူထုအုံကြွမှုကြီး အပေါ်၊ အခုအခါမှာ ဘယ်လို ပြန်ပြီး မြင်ပါသလဲ ခင်ဗျ။ ရှစ်လေးလုံးအချိန်မှာ စစ်တက္ကသိုလ်မှာ တက်နေလား။

ဦးမိုးအောင်ကျော် ။ ။ ဟုတ်ပါတယ်။ အဲဒီအချိန်က စစ်တက္ကသိုလ်မှာ ကျနော် တတိယနှစ် ဖြေပြီးတဲ့ အချိန်ပါ ခင်ဗျ။ ကျနော်တစ်ဦးထဲရဲ့ အမြင်ကို ပြောရမယ်ဆိုရင်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ဖြစ်လာခဲ့ တဲ့ ဖြစ်စဉ်လို့ ကျနော် မြင်ပါ တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ပြည်သူလူထုက အရမ်း မွန်းကြပ်လာ ခဲ့ပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အဲဒီလို မွန်းကြပ်နေကြသလိုပဲ၊ လူထုနဲ့ အထက်အာဏာပိုင်အဖွဲ့အစည်း ကြားမှာ အရမ်း ကင်းကွာသွားခဲ့ပြီ။ ဆိုလိုတာက အခွင့်ထူးခံလူတန်းစားတစ်ရပ်နဲ့ တတိုင်းပြည်လုံးနဲ့၊ အဲဒီလို သပ်သပ်စီ နှစ်ပိုင်းကွဲသွားခဲ့ပြီလို့၊ မြင်ခဲ့ရတယ်။ အဲဒီအခါကျတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဟာ ဖြစ် သင့်ဖြစ်ထိုက်တဲ့အချိန်မှာ အချိန်ကိုက် ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်တစ်ရပ်လို့ ကျနော် ခံယူမိပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ အခု ကိုယ် ထောင်ကထွက်လာတဲ့အခါမှာ၊ နိုင်ငံရေးလှိုင်းထမ်းပိုး ထတာနဲ့ လည်း ကြုံရပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကော်မရှင်မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အနေအထားမှာ နိုင်ငံရေးလှိုင်းထမ်းပိုး ကြီးလာတာနဲ့ ကြုံရပြီ။ အဲဒီအခါမှာ ထောင်ထဲမှာ (၁၂)နှစ်လောက်နေပြီး အခု အပြင်ရောက်လာသူ တစ် ယောက်အနေနဲ့ အခု ဒီတိုင်းပြည်ကို ဘယ်လိုသွားပြီး ရှုမြင်မိပါသလဲ ခင်ဗျ။

ဦးမိုးအောင်ကျော် ။ ။ ကျနော်တို့ ရှင်သန်ကြီးထွားခဲ့ရတဲ့ ကျနော်တို့ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဒီတပ်မတော် ဟာ၊ လူတစ်စုရဲ့အကျိုးစီးပွားကို ကာကွယ်ရေးမှသည် လူထုတစ်ရပ်လုံးရဲ့ တစ်စုရဲ့အကျိုးစီးပွာကို ဦးထိပ် ထားတဲ့ စစ်မှန်တဲ့ နိုင်ငံတော်ကိုကာကွယ်တဲ့ အင်အားစုတစ်ရပ်အဖြစ် အသွင်ကူးပြောင်းသွားစေချင်တယ်။ ကျနော် မသေခင် အဲဒီလို မြင်ချင်တယ်။ ကျနော်ဆို အခု အသက် (၄၄)နှစ် ရှိပါပြီ။ ကျနော်တို့ လေးစား ကြည်ညိုခဲ့ရတဲ့ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ကျနော်တို့ရဲ့ မြန်မာ့တပ်မတော်ကို စတင် တည်ထောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ်ထားခဲ့တဲ့ ရည်မှန်းချက်စေတနာက အလွန်ပဲ ကြီးခဲ့ပါတယ်။ အခုကျတော့ ကျနော်တို့တိုင်းပြည်ရဲ့ အာဏာပိုင်အဖွဲ့အစည်းထဲမှာ အုပ်စုတွေကွဲနေတယ်လို့၊ ကျနော်တို့ မြင်နေတယ်။ တိုင်းပြည်နဲ့လူမျိုးအပေါ် တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ လုပ်ချင်ကိုင်ချင်ကြတဲ့ သူတွေက တစ်ဖွဲ့ရှိနေတယ်၊ ဒါပေမဲ့ လက်ရှိအာဏာကို မက်မောပြီးတော့၊ အာဏာကို ကိုင်တွယ်ပြီး တိုင်းပြည်ကို လိုသလိုအသုံးချချင်တဲ့ တစ်အုပ်စုကလည်း ရှိနေသေးတယ်လို့ ကျနော်တို့ မြင်တယ် ခင်ဗျ။ ဒါဟာ ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးအတွက်ကော တပ်မတော်ကြီးအတွက်ကော အရမ်းကိုကြီးမားတဲ့ ဆုံးရှုံး နစ်နာမှုကြီးလို့ ကျနော် မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ နောက်တစ်ခုက အခု ထောင်ထဲက ထွက်လာတဲ့အခါကျတော့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲ ပါဝင်လိုက်တဲ့အခါမှာ၊ ကိုယ်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သူ တစ်ယောက်အနေနဲ့၊ ကိုယ်ကပါ အခု ပြည်သူလူထုနဲ့အတူ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို ပါတီ ဝင်ထုနဲ့အတူ၊ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ခဲ့တာမှာ၊ (နိုင်ငံရေးစည်းရုံးလှုပ်ရှားတွေမှုကို) ဘယ်လိုမြင်ပြီး ဘယ်လိုခံစားရပါသလဲ။

ဦးမိုးအောင်ကျော် ။ ။ ကျနော် ထောင်ကထွက်လာတာ ၂၀၁၂ ဇန်နဝါရီ (၁၃)ရက်နေ့ပါ။ ဇန်နဝါရီ (၁၉) ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်လျှောက်လွှာ တင်ခဲ့ပါတယ်။ ဘာကြောင့် ဒီပါတီကို ဝင် ရလဲဆိုတော့၊ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျင့်စဉ် ပြန့်ပွားခိုင်မာဖို့ အလေးထားပြီး၊ ဘဝကိုကော တခြား ဆုံးရှုံးမှုများစွာကိုကော၊ ပေးဆပ်ပြီးမှ ကြိုးစားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ သူ့ရဲ့လုပ်ရပ်တွေကို လေးစားလို့၊ သူ့ရဲ့စေတ နာတွေကို အကြွင်းမဲ့ယုံကြည်လို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝင်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ကျနော်တို့ တတ်စွမ်းသမျှလေးတွေကို ကျနော်တို့မှာရှိတဲ့ အသိပညာ အတတ်ပညာလေးတွေ နဲ့ အစွမ်းကုန် ပူးပေါင်းကူညီချင်တဲ့ စိတ်ဓါတ်နဲ့ပါ။ ဘာလို့လဲဆိုတော့ အခုလို ကျနော်တို့ တတ်နိုင်သမျှလေး ပါဝင်လုပ်ဆောင်မှုကြောင့်၊ နောင်မှာဖြစ်ပေါ်လာမယ့် အနာဂတ်မြန်မာနိုင်ငံနဲ့ မျိုးဆက်သစ်လူ့စွမ်းအားတွေ ကို၊ အကောင်းဆုံးအခြေအနေလေးတွေ ရောက်သွားစေမယ်ဆိုရင်၊ ကျနော်တို့ လုပ်အားပေးခဲ့ရတာတွေ volunteer လုပ်ခဲ့ရတာတွေ၊ လုပ်ရကျိုးနပ်ပါလိမ့်မယ် ဆိုတဲ့ ယူဆချက်နဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခဲ့တာပါ။ သာမန်အဖွဲ့ဝင်လေးတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီးတော့ ကျနော်တို့ တချိန်တုံးက ရရှိခဲ့တဲ့ ရာထူး ဂုဏ်သိန်တွေ အကုန်လုံးကို ခဝါချပြီး ရိုးရိုးသာမန်ပါတီဝင်လေးတစ်ယောက်အဖြစ်နဲ့ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာ အစွမ်းကုန်အချိန်ပြည့် လုပ်အားပေး ခဲ့ကြပါတယ်။ ကျနော်ဟာ မင်္ဂလာတောင် ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း အောင်နိုင်ရေး လှုပ်ရှားမှုမှာ လုပ်အားပေးခဲ့ပါတယ်။ နောက်တခါ လည်း၊ မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာဒေါ်မေဝင်းမြင့် အောင်နိုင်ရေး လှုပ်ရှားမှုမှာလည်း ကူညီလုပ်အား ပေးခဲ့ပါ တယ်။ ဒေါက်တာဒေါ်မေဝင်းမြင့်ဆိုရင် ကျနော်တို့လိုပဲ ထောင်ထဲမှာနေခဲ့ရတဲ့ (နိုင်ငံရေးအကျဉ်းသား) အန်တီ ဖြစ်ခဲ့တဲ့အတွက်၊ သူ့ကို လေးလည်းလေးစားတယ်။ သူ့ရဲ့သမိုင်းကြောင်းကိုလည်း ယုံကြည်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၃)ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ စစ်တက္ကသိုလ် အပတ်စဉ်(၃၀)က ကျောင်းဆင်းခဲ့တဲ့ ဗိုလ်မှူးဟောင်း ဦးမိုးအောင်ကျော်ရဲ့ ဘဝကောက်ကြောင်း တစေတ့ စောင်းနဲ့ သူ့ရဲ့ နိုင်ငံရေး သဘောထား အမြင်တွေကို၊ ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG