သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ လေသံ ပြောင်းသွားသလား


မြန်မာနိုင်ငံရွေးကောက်ပွဲဟာ လက်ခံယုံကြည်နိုင်ဖွယ်မရှိဘူးလို့ နိုင်ငံတကာက ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ရွေးကောက်ပွဲဟာ အပြောင်းအလဲအတွက် ကနဦးအဆင့်၊ ရွေးကောက်ပွဲအလွန်မှာ အပြောင်းအလဲ မြင်ရနိုင်တယ် စသဖြင့် လေသံတွေ ပြောင်းလာပါတယ်။

အောက်တိုဘာ ၁၆။ မြန်မာနိုင်ငံရွေးကောက်ပွဲဟာ လက်ခံယုံကြည်နိုင်ဖွယ်မရှိဘူးလို့ နိုင်ငံတကာက ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ရွေးကောက်ပွဲဟာ အပြောင်းအလဲအတွက် ကနဦးအဆင့်၊ ရွေးကောက်ပွဲအလွန်မှာ အပြောင်းအလဲ မြင်ရနိုင်တယ် စသဖြင့် အသံတွေ ကြားလာရပါတယ်။

အမေရိကန်ပြည်ထောင်စုကဆိုရင် ရွေးကောက်ပွဲအလွန် အစိုးရသစ်နဲ့ သူတို့ ထိစပ် ဆက်ဆံသွားမယ်၊ ဒီအစိုးရသစ်ဟာ အရင်အစိုးရတွေနဲ့ မတူပဲ တစုံတရာ ပျော့ပြောင်းမှုရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောလာပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အခြားအပြောင်းအလဲတွေအတွက် လက်ရှိစစ်အစိုးရကို ဖိအားပေးတာထက် နောက်အစိုးရသစ်မှာ ဘယ်လို ထိစပ်ပြီးဖြောင်းဖျပြောမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာကြတဲ့သဘောပါ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ NCGUB ပြည်ပရောက်အစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းတို့နဲ့ ကိုသားညွန့်ဦးက မေးမြန်းဆွေးနွေးထားပါတယ်။

XS
SM
MD
LG