သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှား ရေဘေးဒဏ်ကြောင့် လူသေဆုံးမှုရှိ


တရုတ်နိုင်ငံတောင်ပိုင်းမှာ မုန်သုန်မိုး အကြီးအကျယ် ရွာသွန်းပြီးရေကြီး။
တရုတ်နိုင်ငံတောင်ပိုင်းမှာ မုန်သုန်မိုး အကြီးအကျယ် ရွာသွန်းပြီးရေကြီး။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတောင်ပိုင်းမှာ မုန်သုန်မိုး အကြီးအကျယ်ရွာသွန်းရာကနေ ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုတာတွေကြောင့် လူပေါင်း ၄၂ ယောက် သေဆုံးခဲ့ရပြီး အများအပြား ပျောက်ဆုံးနေပါတယ်။

လူပေါင်း သုံးသန်းကျော် ရေကြီးတဲ့ဒဏ်ကို ခံနေရပြီး စီးပွားရေးအရ ထိခိုက် ဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။ Jiangxi ပြည်နယ် Poyang မြို့နယ်မှာ မိုးအပြင်းအထန် ရွာခဲ့ပြီးတဲ့နောက် တနင်္လာနေ့ ညနေပိုင်းက ရေလှောင်ကန်တခု ပေါက်ကျခဲ့တာကြောင့် လူပေါင်း ၁၃,၀၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတဲ့အကြောင်း တရုတ်အစိုးရ Xinhua သတင်းက ဖော်ပြပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း Kumamoto အရပ်မှာလလည်း တနင်္လာနေ့ညလုံးပေါင်း မိုး အပြင်းအထန် ရွာသွန်းခဲ့တာ ကနေ ရေကြီးပြီး မြေပြိုတာကြောင့် ဒီကနေ့ မနက်ပိုင်းအချိန်အထိ သေဆုံးသူ ၄ ဦးရှိပြီး ၂ ဦး ပျောက်ဆုံးနေတဲ့ အကြောင်း ဂျပန်ရုပ်သံ NHK က ကြေညာပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရွာသွန်းခဲ့တဲ့ မုန်သုန်မိုးကြောင့် ရေကြီးရေလျှံတာ တွေနဲ့ မြေပြိုမှုတွေအတွင်း သေဆုံး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။ ဒီကနေ့ တတိယမြောက်နေ့ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတာနဲ့အမျှ သေဆုံးသူ ၄၃ ဦးနဲ့ ပျောက်ဆုံးသူ ၁၇ ဦး ရှိနေတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu မြို့မှာလည်း ဒီကနေ့ မိုးအပြင်းအထန် ရွာသွန်းတာကြောင့် ရေမြောင်းတခု ပျက်ပြီး အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ကျင်းပဖို့အတွက် လူတွေ ရာနဲ့ချီ စုဝေးနေကြတဲ့ အားကစားရုံထဲ အထိ ရေတွေ လျှံတက်ခဲ့ တာကြောင့် ပွဲပျက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG