သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရွှေတွင်းပြိုကျ လူ ၈ယောက် သေဆုံး


တရုတ် ရွှေတွင်းတူးဖော်ရေးလုပ်ငန်းခွင်တခု။
တရုတ် ရွှေတွင်းတူးဖော်ရေးလုပ်ငန်းခွင်တခု။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ ရွှေတွင်းပြိုကြမှုကြောင့် ၈ ယောက်သေဆုံးပြီး၊ ၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းအေဂျင်စီက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်အမျိုးသားရွှေတူးဖော်ရေးအဖွဲ့ကပိုင်တဲ့ Qinling ရွှေတွင်းမှာ သောကြာနေ့က အခုလို မတော်တဆရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့စဉ်၊ မြေအောက်မှာ လူ ၁၇ ယောက် ပိတ်မိနေခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေက တွင်းထဲကနေ သေဆုံးသူ ၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့ပြီး၊ နောက်တစ်ယောက်ကတော့ ဒီကနေ့ စနေနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

မီးခိုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတယ်လို့လည်း CCTV သတင်းဌာနက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက ခေတ်မမှီတော့တဲ့ သတ္တုတွင်းတွေကို ပိတ်ပစ်ပြီး၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု တိုးတက်အောင်လုပ်ဖို့ ကြေငြာထားပေမယ့်လည်း၊ တရုတ်နိုင်ငံ သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး လုပ်ငန်တွေထဲကတခုဖြစ်ပြီး၊ နှစ်စဉ်သေဆုံးသူ ရာနဲချီရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG