သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဏုမြူလက်နက် အသုံးပြုမှု ရပ်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


ကမ္ဘာပေါ်မှာ ပထမဆုံး အဏုမြူဗုံးကြဲ တိုက်ခိုက်ခံရမှု ၆၅ နှစ်ပြည့် နှစ်ပတ်လည်မှာ အဏုမြူလက်နက်တွေ သုံးစွဲမှု အဆုံးသတ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။

၁၉၄၅ ခုနှစ်က အမေရိကန် ပုလဲဆိပ်ကမ်းအပေါ် ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာဂီ မြို့တွေအပေါ် အဏုမြူဗုံးတွေ ကြဲချခဲ့တာပါ။

အဏုမြူဗုံးနဲ့ နျူကလီးယား လက်နက်တွေ အားလုံးကို ပပျောက်အောင် လုပ်မှသာ နောက်တခါ အဏုမြူဗုံးတွေ၊ နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ ထပ်မဖြစ်ဖို့ သေချာမယ်လို့ အဏုမြူဗုံးဒဏ် ခံထားရတဲ့ နာဂါဆာဂီမြို့မှာ ဗုံးဒဏ်အတွင်း အသက်ရှင် ကျန်နေသူတွေကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မိန့်ခွန်းပြောခဲ့ပါတယ်။

သောကြာနေ့ကျရင်တော့ အဏုမြူဗုံးကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့ရတဲ့ ဟီရိုရှီးမားမြို့မှာ အထိမ်းအမှတ် အခမ်းအနားကို မစ္စတာ ဘန်ကီမွန်း တက်ရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ အဏုမြူဗုံးကြဲ တိုက်ခံရမှု နှစ်ပတ်လည် အခမ်းအနားတွေကို ပထမဆုံး တက်ရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျွန်ရော့စ် (John Roos) လည်း ဒီလိုပွဲမျိုးကို ပထမဆုံး တက်ရောက်မယ့် အမေရိကန် တာဝန်ရှိသူ ဖြစ်ပါတယ်။

XS
SM
MD
LG