သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့ ပုံမှန်ပြန်လည်ပတ်မည်


ဘန်ကောက်ဆန္ဒပြပွဲအပြီး မြို့လူထုက သန့်ရှင်းနေကြပုံ (မေလ ၂၀၊ ၂၀၁၀)
ဘန်ကောက်ဆန္ဒပြပွဲအပြီး မြို့လူထုက သန့်ရှင်းနေကြပုံ (မေလ ၂၀၊ ၂၀၁၀)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ စီးပွားရေးအချက်အခြာကျတဲ့နေရာမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ သီတင်းပတ်များစွာ ဖြစ်ပွားခဲ့တာကြောင့် ပျက်စီးယိုယွင်းနေမှုတွေကို ထောင်နဲ့ချီတဲ့ စေတနာရှင်လူထုက စတင်သန့်ရှင်းနေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရေးပိုစတာတွေ၊ ဆေးရေးထားတာတွေနဲ့ အတူ ဆန္ဒပြသူတွေ စွန့်ပစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို တနင်္ဂနွေနေ့က ဖယ်ရှားသန့်စင်ခဲ့ကြ ပါတယ်။

သီတင်းတပတ်လောက်ပိတ်ထားတဲ့ ဘန်ကောက်မြို့ရဲ့ မြေအောက်ရထားနဲ့ မြေပေါ်ရထားတွေကိုလည်း တနင်္ဂနွေနေ့မှာ ပြန်လည် ဖွင့်လှစ် ပြေးဆွဲ ပေးခဲ့ပါတယ်။ အစိုးရရုံးတွေ၊ ကျောင်းတွေနဲ့ စတော့ရှယ်ယာဈေးကွက်တွေကို တနင်္လာနေ့မှာ ပြန်ပြီးဖွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ ဘန်ကောက်မြို့တော်နဲ့ ပြည်နယ် ၂၃ ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကိုတော့ နောက်ထပ် ၂ ညဆက်ပြီး ထားဦးးမယ် လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝက တနင်္ဂနွေနေ့မှာပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှု အဓိကရုဏ်းတွေ မြို့တော်ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့က ညမထွက်ရအမိန့်ကို ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG