သုံးရလွယ်ကူစေသည့် Link များ

ဘန်ကောက်မြို့  ပုံမှန်အခြေအနေ ပြန်ရောက်စပြု

  • ဗွီအိုအေသတင်း

ဘန်ကောက်မြို့  ပုံမှန်အခြေအနေ ပြန်ရောက်စပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေ နဲ့ အဆုံးသတ်ခဲ့တဲ့ နှစ်လကျော်ကြာ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ ပြီးဆုံးသွားတဲ့နောက်မှာတော့ ဘန်ကောက်မြို့က စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ နဲ့ လမ်းတွေဟာ တနင်္လာနေ့က ပုံမှန် ပြန်လည်ပတ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်က စပြီး အတိုက်အခံ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေသိမ်းယူထားတဲ့ ဘန်ကောက်မြို့ရဲ့ အဓိက ကျတဲ့ စီးပွားရေးဇုံကို ထိုင်းအာဏာပိုင်တွေဘက်က ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

ဘန်ကောက်မြို့ခံ ထောင်ပေါင်းများစွာဟာ တံမြက်စည်းတွေ၊ ရေပိုက်တွေနဲ့ ဆန္ဒပြခဲ့တဲ့ နေရာတွေကို ရှင်းလင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းစစ်တပ်က ဆန္ဒပြသူတွေကို အဲဒီ နေရာကနေ ဖယ်ရှားခဲ့ပြီး၊ အဲဒီလို ထိုင်းစစ်တပ်ဘက်က အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက်၊ အတိုက်အခံတွေဘက်ကလည်း လက်နက်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်တာတွေ၊ ကားတာယာတွေကို မီးရှို့ခဲ့တာတွေကိုလုပ်ခဲ့ပါတယ်။

အစိုးရနဲ့ အနီဝတ် ဆန္ဒပြသူတွေကြား အပြန်အလှန် တိုက်ခိုက်နေစဉ်အတွင်းမှာ ပိတ်ထားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ စတော့ အစုရှယ်ယာ (Stock Exchange) ဈေးကွက်မှာလည်း အရောင်းအ၀ယ်တွေ ပြန်လုပ်လာနေပြီ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ထိုင်းနိုင်ငံရဲ့ အဓိကကျတဲ့ စတော့အစုရှယ်ယာ ဈေးကွက်ဟာ (၂.၈) ရာခိုင်နှုန်းကျဆင်းနေခဲ့ပါတယ်။

XS
SM
MD
LG