သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မြို့တော်မီး ၁၀၀ ကျော်သေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ ထိခိုက် ဒဏ်ရာရခဲ့သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသမှုပေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အဲဒီမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၁၆ ယောက်လောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မီးလောင်တဲ့ဒဏ်ရာတွေနဲ့ ရောက်လာကြတဲ့ လူနာ ၁၀၀ လောက်ကို ဒါကာဆေးတက္ကသိုလ်မှာတင်ပြီး ကုသပေးနေရတယ်လု့ိ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မီးဟာ ဒါကာမြို့ဟောင်းက လူဦးရေ ထူထပ်တဲ့နေရာမှာရှိတဲ့ အဆောက်အဦး တော်တော်များများ ပျက်ဆီး ဆုံးရှုံးစေခဲ့တာပါ။

ကြာသပတေးနေ့ညက လျှပ်စစ် Transformer ပေါက်ကွဲရာက မီးစလောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်အတွင်းက ဓါတုပစ္စည်းတွေကနေ ဆင့်ကဲလောင်ကျွမ်းရာက အနီးအနားမှာရှိတဲ့ တိုက်ခန်းတွေကိုပါ မီးကူးသွားတာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဆောက်အဦးတွေ ပြွတ်သိပ်နေအောင် ဆောက်ထားတဲ့ နှစ်ပေါင်းရာနဲ့ချီ ရှိနေပြီဖြစ်တဲ့ Kayettuli ရပ်ကွက်မှာ မီးလောင်မှု ဖြစ်တာကြောင့် အထဲမှာ လူတွေ ပိတ်မိပြီး မီးလောင်တဲ့အထဲ ပါကုန်တာလို့ ဆိုပါတယ်။ လာမယ့် စနေနေ့ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝမ်းနည်း ကြွေကွဲဖွယ်ရာနေ့အဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်လိုက်ပါတယ်။

XS
SM
MD
LG