သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင်တိုက်ခိုက်မှု အဓိကသံသယရှိသူ စစ်ဆင်ရေးအတွင်း သေဆုံး


ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်တွေက Narayanganj စီးနင်းမှုအပြီး နှစ်ထပ်အိမ်တလုံးကို စစ်ဆေးနေစဉ်။ (သြဂုတ် ၂၇၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်တွေက Narayanganj စီးနင်းမှုအပြီး နှစ်ထပ်အိမ်တလုံးကို စစ်ဆေးနေစဉ်။ (သြဂုတ် ၂၇၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့အပြင်ဘက်က IS စစ်သွေးကြွတွေ ခိုအောင်းနေ တဲ့ နေရာတခုကိုဝင်စီးခဲ့တာမှာ စစ်သွေးကြွ အနည်းဆုံး ၃ ယောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ ဒက္ကာမြို့တောင်ပိုင်း ၁၅ မိုင်ခွဲအကွာမှာရှိတဲ့ Narayanganj မြို့မှာ တနာရီကြာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး စစ်သွေးကြွတွေ သေဆုံးမှုကို အကြီးတန်းရဲအရာရှိ Sanwar Hossain က အတည်ပြုပါတယ်။

စစ်သွေးကြွတွေကလက်နက်မချဘဲ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးလေးငါး လုံး လောက်နဲ့ ပစ်ခဲ့သလို AK ၂၂ ရိုင်ဖယ်တွေနဲ့လည်း ပစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲက AFP သတင်းဌာနကို ပြောပါတယ်။ သေဆုံးသူတွေ ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ မွေးဖွားတဲ့ ကနေဒါ နိုင်ငံသား Chowdhury လည်း ပါဝင်ကြောင်း တာဝန်ကျအရာရှိတွေက ပြောပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်မှာ အဆိုးဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အတူ နိုင်ငံခြားသား ၁၇ ယောက်အပါအဝင် ပြန်ပေးဆွဲထားတဲ့ လူပေါင်း ၂၀ ကို သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှုကို ကြိုးကိုင်သူအဖြစ် ယူဆကြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်သွေးကြွတွေ ပုန်းအောင်းနေတယ် ဆိုတဲ့နေရာတွေကို ဆက်တိုက် စီးနင်းတိုက်ခိုက်နေကြောင်း သတင်းတွေ မှာ ဖော်ပြထားပါတယ်။ သြဂုတ်လ ၂ ရက်နေ့မှာ အစိုးရအာဏာပိုင်တွေက အကြမ်းဖက်မှုတွေကို စီစဉ်ကြိုးကိုင်နေတဲ့ Chowdhury ကို သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲပေးမယ်လို့ ကြေညာထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG