သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေ လုံခြုံရေး အလုပ်သမားရေး လှုပ်ရှားသူတွေ သတိပေး


ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရာ နေရာတွေထဲကတ ခုဖြစ်တဲ့ Hua Hin ကမ်းခြေမြို့။
ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရာ နေရာတွေထဲကတ ခုဖြစ်တဲ့ Hua Hin ကမ်းခြေမြို့။

ထိုင်းနိုင်ငံတောင်ပိုင်း နေရာတော်တော်များများမှာ လူ ၄ ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတွေ တင်းကျပ်ထားတဲ့အတွက် မြန်မာနိုင်ငံသားတွေလည်း သတိရှိကြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မနေ့ညပိုင်းကနေ ဒီကနေ့ မနက်ပိုင်း အထိ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးအတွက် စစ်ဆေးမေးမြန်းမှုတွေ ရှိနိုင် တာကြောင့် နေထိုင်ခွင့် အထောက်အထားလက်မှတ်တွေကို ကိုင်ဆောင်ထားဖို့ လည်း သတိပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးမာ ကသတင်းပေးပို့ထားပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ

ထိုင်းနိုင်ငံ ဖူးခက်ကမ်းဖြေ ဖန်ငါ၊ Hua Hin အပန်းဖြေ ကမ်းခြေ နဲ့ ကျွန်းစုတွေ အများအပြားရှိရာ Surat Thani မြို့၊ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ အပန်းဖြေဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမူဖြစ်ပြီး ဖူးခက်နဲ့ ဖန်င ကမ်းခြေတွေမှာ စစ်ဆေးမေးမြန်းမူတွေ ကို ဆက်တိုက် လုပ်လာနေပြီ ဖြစ် တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သတိရှိဖို့လိုတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး ဖောင်ဒေးရှင်းက တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုမင်းဦးကပြောပြပါတယ်။

" အခုက အစစ်အဆေးတွေ များတာပေါ့။ ရဲတွေ ဘာတွေရော အကုန်လုံးလေ။ အဓိက ကတော့ အဲ့ဒီ့ဗုံးအတွက် စစ်တာပေါ့။ ဖူးခက်မှာကတော့ ဖထောင်မှာ ပေါက် တာပေါ့။ သေတာတို့ဘာတို့တော့ မရှိဘူး။ ဖန်ငါမှာလည်း ပေါက်တယ်။ ဖန်ငါမှာလည်း နှစ်လုံးပဲ။ ဖူးခက်မှာလည်း နှစ်လုံးပဲ။ နောက်စိုးရိမ်စရာက သူတို့သတင်း ရထားတာက မဖောက်သေးပဲ ကျန်နေတဲ့ဆိုတဲ့ ဗုံးပေါ့။ ဗုံးရှိတယ်ဆိုပြီး သူတို့က သိထားတယ်လေ။ သူတို့က ရှာလည်း တွေ့ထားတာကိုး။ အဲ့တာ သူတို့က ရှာဖွေရေးတွေ စစ်ဆေးရေးတွေကတော့ တောက်လျောက် လုပ်နေတဲ့အခါကျတော့ အလုပ်သမားတွေအတွက်ကတော့ ပိုပြီးတော့ ကြပ်ပြီပေါ့။ သတင်း သူတို့က သံသယရှိတဲ့သူ ဘာညာ အဲ့လိုမျိုးတွေတော့ မကြားသေးဘူး။ သူတို့ကြားပြီ သိပြီဆိုရင်တော့ အဲ့နေရာတွေကို ဝင်စစ်ရင် အဲ့နေရာတွေမှာရှိတဲ့ ဗမာတွေလည်း ရောပြီး ပါသွားမှာပေါ့။ ဥပမာ စစ်တာကတော့ ဗုံးကြောင့်ပဲ အခုက ဖန်ငါမှာတော့ ဒီနေ့ကစ စစ်ပြီ။"

ပေါက်ကွဲမှုဖြစ်ပွားရာ။
ပေါက်ကွဲမှုဖြစ်ပွားရာ။

ဒီနေ့ဟာ ထိုင်းနိုင်ငံက အထွတ်အမြတ်ထားတဲ့ ထိုင်းဘုရင်မကြီးမွေးနေ့ ဖြစ် တာကြောင့် ထိုင်းနိုင်ငံအနှံ့မှာ အမေများနေ့ကို ကျင်းပနေကြတာပါ။ ဒီလိုကျင်းပပြီးချိန်မှာပဲ ဆူရတ်ဌာနီ ရဲစခန်း အနီးမှာ ပေါက်ကွဲမူဖြစ်ပွား ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ရှေ့နေဦးအောင်မျိုးသန့်ကဆိုပါတယ်။

" အခမ်းအနားလုပ်တယ်ပေါ့။ အဲ့ဒီ့အခမ်းအနားပြီးတဲ့အချိန် မှာ သန့်ရှင်းရေး လုပ်နေတဲ့ အသက် ၅၃နှစ်ရှိတဲ့မိန်းမ အမှိုက်တွေ လိုက်သိမ်းရင်းနဲ့ အဲ့နေရာကနေ ထကွဲတာ။ အဲ့မိန်းမတော့ သေသွားတယ်။ အခုလောလောဆယ်မှာတော့ မြို့ရဲ့ အဝင်အထွက် လမ်းတွေ အားလုံး စစ်နေတယ်။ ဈေးဝယ်တွေလည်း နည်းတယ်။ ဈေးတွေမှာလည်း လူနည်း အဲ့လိုဖြစ်ကြတာပေါ့။"

အခုပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာတိုင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်နယ်တွေဖြစ် ပါတယ်။ ဒီ့အတွက် မြန်မာတွေဟာ စစ်ဆေးမေးမြန်းခံရရင်းနဲ့ အထောက်အထား လက်မှတ်မရှိတာကြောင့်ပဲဖြစ်ဖြစ် သံသယကြောင့်ပဲဖြစ်ဖြစ် ဖမ်းဆီးတာကို ခံရနိုင်တာမို့ အပြင်ထွက် သွားလာမှုတွေမှာ သတိထားကြဖို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောပြပါတယ်။

" အန်ကယ်လ်တို့ သတိပေးချင်တာ သွားသွားလာလာဆင်ခြင်ဖို့ လူသွားလူလာများတဲ့နေရာတွေ မသွားဖို့။ နောက်ပြီးတော့ သွားလို့ရှိရင်လည်း အထောက်အထားတွေ ပြည့်စုံအောင် ယူသွားဖို့ပေါ့။"

ဒီပေါက်ကွဲမူကြောင့် နိုင်ငံခြားသားခရီးသွားတွေ ထိခိုက်မူတွေရှိခဲ့ပြီး ထိုင်းတောင်ပိုင်းကို ခရီးသွားလာမူတွေ ရှောင်ရှားကြဖို့နိုင်ငံတကာ သံရုံးတွေက သူတို့ နိုင်ငံသားတွေကို သတိပေးနေပါတယ်။ အခုချိန်ထိတော့ အဲ့ဒီပေါက်ကွဲမှုဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေက လမ်းတချို့ကိုပိတ်ပြီး စစ်ဆေးမေးမြန်းမူတွေကိုဆက်တိုက်လုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG