သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ်သမ္မတကို တရားစွဲဖို့ လမ်းပွင့်သွားပြီ


ဘရာဇီးလ်သမ္မတ Dilma Rousseff က သူ့အပေါ် အထက်လွှတ်တော်က တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်တဲ့ အယူခံကို တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ဒီကိစ္စကို ကြာသပတေးနေ့ အစောပိုင်းအမီ ဆွေးနွေးမဲခွဲဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ချတဲ့အထိ ဆိုင်းငံ့ထားဖို့ သမ္မတရဲ့ မဟာမိတ်တွေက အထက်လွှတ်တော်မှာ စောဒကတက်ခဲ့ကြတာ အခုတော့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်တဲ့အတွက် သမ္မတ Rousseff အနေနဲ့ ရာထူးက ဖယ်ရှားခံရမယ့် ကိစ္စကို ရှောင်လွဲနိုင်မယ့် နောက်ဆုံးအခွင့်အလမ်း ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

အခုအခါ အထက်လွှတ်တော်အနေနဲ့ သူမအပေါ် ခြစား ပျက်စီးမှုနဲ့ စွဲချက်တင်မလား ဆိုတာကို ဆွေးနွေးနေကြပါပြီ။ ၂၀၁၄ ရွေးကောက်ပွဲ ကာလတုန်းက ဘရာဇီးလ်နိုင်ငံရဲ့ ဘဏ္ဍာငွေတချို့ကို အလွှဲအပြောင်း လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ရှိနေခဲ့တာပါ။

တကယ်လို့ ဒီကိစ္စမှန်ခဲ့ရင် သမ္မတ Rousseff ရာထူးချထားခြင်း ခံရမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတ Michel Temer အပါအဝင် နိုင်ငံရေး အတိုက်အခံတွေက အာဏာသိမ်းဖို့ ကြိုးပမ်းကြတာ ဖြစ်တယ်လို့ သမ္မတ Rousseff က ဆိုပါတယ်။

သတင်းစာ စစ်တမ်းတွေအရ အထက်လွှတ်တော်အမတ် ၅၀ တို့က ရုံးတင်စစ်ဆေးမယ့်ကိစ္စကို ထောက်ခံကြမှာဖြစ်ပြီး ဒီအရေအတွက်ဟာ လိုအပ်တဲ့ မဲပမာဏထက် အများကြီး ပိုနေပါပြီ။ ဒါပေမဲ့ ဒီ အထက်လွှတ်တော်အမတ်တွေက သူမက ပြစ်မှုထင်ရားကြောင်း မဲပေးမယ်၊ မပေးဘူးဆိုတာကိုတော့ မသေချာသေးပါဘူး။

XS
SM
MD
LG