သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှှုတ်ချ


မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမထည့်ဝင်ကြဖို့ လှုံ့ဆော်နေသူတွေကို စစ်အစိုးရ သတင်းစာတွေက ရှှုတ်ချသွားပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုရင် တာဝန်မဲ့ရာ ရောက်တယ်လို့ သတင်းစာတွေထဲမှာ ရေးထားပါတယ်။ အထိန်းသိမ်းခံမြန်မာ့ ဒီမိုကရေဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေ မဲမပေးချင်ရင် မဲမပေးပဲ နေနိုင်ခွင့်ရှိတယ်လို့ ပြောထားပါတယ်။

၂၀၀၈ ခုနှစ်ကအတည်ပြုပြဌာန်းခဲ့တဲ့ အခြေခံဥပဒေပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အချက်တွေနဲ့ မျှတမှုမရှိတဲ့ တခြား ကန့်သတ်ချက်တွေကြောင့် ရွေးကောက်ပွဲမဝင်ဘူးဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဒီနှစ်အစောပိုင်းမှာဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ပြည်သူတွေ မဲမပေးအောင် နှောက်ယှက် လုပ်ဆောင်သူတွေကို ထောင်ဒါဏ်ချမယ်၊ ဒဏ်ရိုက်မယ်လို့ သတိပေးထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ၄၉၈ နေရာကို ရွေးချယ်ရမှာဖြစ်ပြီး ပြည်သူ့ လွှတ်တော်အတွက် နေရာပေါင်း ၆၆၄ နေရာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG