သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း တိုးတက်အောင် ကြိုးစားနေတဲ့တချိန်တည်းမှာပဲ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ၊ ရေရှည်ခံတဲ့ ခရီးသွားလုပ်ငန်းမျိုးဖြစ်အောင် ကြိုးစားနေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှုး ဦးအုန်းမြင့် က ပြောဆိုလိုက်ပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်တာတွေ၊ စိန်ခေါ်မှုတွေကိုတော့ ကိုသားညွှန့်ဦး က ညွှန်ကြားရေးမှုး ဦးအုန်းမြင့် ကို တွေ့ဆုံမေးမြန်းထားပါတယ်။


ကိုသားညွှန့်ဦး ။ ။ အန်ကယ်ဦးအုန်းမြင့် အခုလို VOA က မေးမြန်းချက်တွေကို လက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက အန်ကယ်တို့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ (၅) နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲ အခြေအနေလေးကို အကျဉ်းချုပ်လေး အရင်ဆုံး ရှင်းပြပါလား။

ဦးအုန်းမြင့် ။ ။ ဆွေးနွေးပွဲကတော့ ၂၀၁၆ ဇွန်လ ၁၆-၁၇ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်ခဲ့တာပါ။ အဓိကတော့ CMLVT – Cambodia, Myanmar, Laos, Vietnam, Thailand) ကမ္ဘောဒီးယား၊ မြန်မာ၊ လားအို၊ ဗိယက်နမ်၊ ထိုင်း - (၅) နိုင်ငံအတွင်းမှာ အဓိက Tourism နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူကြီးတွေ၊ ဝန်ကြီးတွေအပါအဝင် အစည်းအဝေး လုပ်ကြတယ်။ အဓိကတော့ ကုန်သွယ်ရေးပါတယ်။ ငွေကြေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေပါတယ်။ နောက်တခါ Tourism တွေပါတယ်။ ကိုယ်တို့နိုင်ငံက ဝန်ကြီးတွေလည်း ပါခဲ့ပါတယ်။ စီမံဘဏ္ဍာကဆိုရင် ဝန်ကြီးဦးကျော်ဝင်း။ စက်မှုက ဝန်ကြီးဦးခင်မောင်ချို ပါပါတယ်။ ကိုယ်တို့ ဟိုတယ်ခရီးဝန်ကြီးဘက်က ဦးအုန်းမောင် ပါပါတယ်။ နောက်တခါ ဝန်ကြီးတွေအပါအဝင် အပြင်က ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ပုဂ---လိက လုပ်ငန်းရှင်တွေ အားလုံး လူ (၅၀) တို့ ပါပါတယ်။ ဒီ Forum ကို တက်ခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ထူးထူးခြားခြား မေးချင်တာက ဒီ (၅) နိုင်ငံမှာ ပြန်ကြည့်မယ်ဆိုရင် Tourism တိုးတက်နေတဲ့ နိုင်ငံမျိုးတွေပါတယ် ထိုင်းတို့ပါတို့ပေါ့။ တဘက်မှာ မမျှတတဲ့ တချို့  Tourism အားနည်းတဲ့ နိုင်ငံတွေလည်း ရှိတော့ (၅) နိုင်ငံကြားမှာ မမျှတမှုတော့ရှိတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာများဆွေးနွေးဖြစ်လဲ။

ဦးအုန်းမြင့် ။ ။ အဓိကတော့ ဒါပါပဲ။ ဒီ (၅) နိုင်ငံက မဲခေါင်မြစ်ဝှမ်းဒေသအတွင်းမှာ ရှိတဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်တော့ သူက (၅) နိုင်ငံအတွင်းမှာ One destination တစ်ခုတည်းဖြစ်အောင် ကြိုးစားပြီးလုပ်တဲ့သဘောပါ။ ညှိတဲ့သဘောပါ။ သိပ်ပြီးတော့ အားနည်းသူနေသူကို ဆွဲတင်ပြီး၊ သိပ်အရှေ့ ရောက်နေရင် အားလုံးညှိနှိုင်းပြီးတော့ လုပ်မယ့်သဘောပါ။ ဥပမာ ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ဆိုရင် နယ်နမိတ်ချင်း ထိစပ်နေတယ်။ အဓိက ဆွေးနွေးတဲ့ထဲမှာ Border ပေါ့။ Border က ဝင်ထွက်ခွင့်ရနေတော့ Free Border ရဖို့အတွက် ဆွေးနွေးကြတယ်။ ဒီလိုပဲ ညီလေးပြောသလို ညှိနှိုင်းပြီးတော့ အားလုံး ဆွဲခေါ်တဲ့သဘောပါ။

ကိုသားညွှန့်ဦး ။ ။ အန်ကယ်တို့ ဆွေးနွေးတဲ့အထဲမှာ (၅) နိုင်ငံမှာ Single Visa တစ်ခုယူတာနဲ့ နိုင်ငံ (၅) နိုင်ငံ သွားလို့ရတဲ့ အခြေအနေ။ အဲဒါက ဘယ်လောက်အထိ ဖြစ်နိုင်ချေ ရှိသလဲ။

ဦးအုန်းမြင့် ။ ။ ဖြစ်နိုင်ချေတော့ များပါတယ်။ အခုလက်ရှိ အစည်းအဝေးမှာ ဒါကို ဆွေးနွေးကြပြီး ဒီက Outcoming အကြံပြုချက်တွေ၊ ဝေဖန်ချက်တွေကို တောင်းပါတယ်။ တောင်းပြီးတော့ ၂၀၁၇ မှာ ကမ္ဘောဒီးယားမှာ ပြန်လုပ်မယ်။ အဲဒီအခါကြရင် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ ဒီဟာတော့ ချက်ချင်းတော့ အကောင်အထည် မဖော်သေးဘူးပေါ့။ ဒီမှာတော့ အကုန်လုံးက ညှိနှိုင်းပြီးတော့ ဆွေးနွေးကြတယ်။ ဗီဇာတစ်ခုတည်းနဲ့ (၅) နိုင်ငံမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့အတွက်တွေ ပါပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွက်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တစုံတရာ ရလဒ်ကောင်း ရတာတွေဘာတွေ ရှိပါလား။

ဦးအုန်းမြင့် ။ ။ အများကြီး ရှိပါတယ်။ ဥပမာပြောရင် ဒီ (၅) နိုင်ငံမှာ လူကြီးတွေပါတယ့် အစည်းအဝေးမှာ သူဘက်ကဆွေးနွေး၊ ကိုယ်ဘက်ကဆွေးနွေး တင်ပြကြတာနဲ့ အားလုံး ညှိနှိုင်းပေါင်းစပ်ပြီးတော့ အဓိက ယိုဒယား၊ ထိုင်းနဲ့ဆိုရင် လွန်ခဲ့တဲ့၂၀၀၅ နှစ်ကတည်းက စာချုပ်ချုပ်ထားခဲ့တယ်။ အသိအမှတ်ပြုထားတဲ့ Agreement တစ်ခု ရှိတယ်။ အဲဒါတွေ အကောင်အထည်ဖော်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တယ်။

ကိုသားညွှန့်ဦး ။ ။ ဘာ Agreement လဲ။

ဦးအုန်းမြင့် ။ ။ နှစ်နိုင်ငံမှာ အပြန်အလှန် ဆွေးနွေးဖို့၊ အမြင်ချင်း ဖလှယ်ဖို့ ဆွေးနွေးပွဲတွေကို အပြန်အလှန် ကျင်းပပေးဖို့။ နောက်တခါ HR နဲ့ ပတ်သက်ပြီးတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဖို့။ Border တွေမှာ လွတ်လွတ်လပ်လပ်နဲ့ အပြန်အလှန် သွားနိုင်ဖို့ ဒါတွေကိုလည်း ထည့်ပြီးတော့ ဆွေးနွေးခဲ့တယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ အခုန အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအပြင်၊ အပြန်အလှန် အကူအညီပေးရေးကိစ္စတွေပါလား။

ဦးအုန်းမြင့် ။ ။ ဒါတွေလဲ ပါပါတယ်။ အခုနပြောတဲ့ HR နဲ့ ပတ်သက်တဲ့ အပြန်အလှန် အကူအညီပေးရေး။ ဒါတွေကို အခုက ကျနော်တို့နိုင်ငံ Tourism က အများကြီး ဖွံ့ဖြိုးလာပါတယ်။ ဖွံ့ဖြိုးလာတာနဲ့အတူ တဘက်မှာ HR ကျွမ်းကျင်တဲ့လူတွေ လိုလာတယ်။ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီး လိုလာတဲ့အခါမျိုးမှာ ဒါကို ကိုယ့်နိုင်ငံက ကိုယ်ကျိုးစားနေသလို၊ သူတို့ဘက်ကလဲ အကူအညီတွေ International က ပေးဖို့တွေ ရှိပါတယ်။ ဒါတွေလဲ ပြောဆိုမှုတွေ၊ ဆွေးနွေးမှုတွေ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးအုန်းမြင့် အမြင်ကို မေးချင်ပါတယ်။ ဒီနိုင်ငံ (၅) နိုင်ငံလုံးမှာ အချို့ အားကောင်းတဲ့ ခရီးသွားလုပ်ငန်း အားကောင်းတဲ့ ထိုင်းတို့ ဘာတို့ ရှိတာပေါ့။ ဗမာနိုင်ငံက ဘယ်လောက်အထိ ယှဉ်နိုင်မလဲ။ ဗမာနိုင်ငံရဲ့  အနေအထား ဘယ်လိုများ ရှိပါလဲ။

ဦးအုန်းမြင့် ။ ။ ကျနော် ထင်တာကတော့ သိပ်မကြာခင်နှစ်များမှာ မှီသွားမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့  နိုင်ငံရဲ့  သဘာဝအရင်းအမြစ်က Resources တွေက ရှိပြီသားပါ။ နဂိုထဲက ရှိပြီသား။ Artificial မဟုတ်ဘူး။ တကယ့် အစစ်အမှန် ရှိပြီသား။ တောင်ကနေမြောက်အထိ တကယ့် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ ရှိပြီသား။ ကျနော်တို့က အခြေအနေတခုကို ပြောင်းလိုက်ရမှာပေါ့။ ကျနော်တို့က အခြေအနေတခုကို အကုန်လုပ်တဲ့အခါမှာ ကျနော်တို့က Reform လုပ်တယ်။ ဖြေလျှော့မှုတွေလည်း ရှိတဲ့အခါမှာ International Organization အကုန်လုံးက အသိအမှတ် ပြုပါတယ်။ ဒီတော့ ဧည့်သည်တွေက အများကြီး ဝင်လာပါတယ်။ အဲဒီတော့ ၂၀၁၂ နောက်ပိုင်းကစပြီးတော့ တဖြည်းဖြည်းဝင်လာတာ သန်းနဲ့ချီ ရှိတယ်။ မနှစ်က Figure အရဆိုရင် (၅) သန်းနီးပါး (၄.၆၈) လောက် ပြည့်လာပြီဆိုတော့ မှီမှာပါ။ သဘာဝအရင်းအမြစ်လည်း ရှိပြီသား။ လူတွေကလည်း စိတ်ဆန္ဒ ရှိပြီသား။ အဲဒီတော့ ကြိုးစားပြီးတော့ရှိရင် မှီမှာပါ။

ကိုသားညွှန့်ဦး ။ ။ ပတ်ဝန်းကျင်နိုင်ငံမှာတော့ တချို့ က ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေကို အဓိကထား လုပ်ကြတယ်။ မြန်မာနိုင်ငံက ဘယ်ဟာ အားစိုက်ပြီးလုပ်ဖို့ စဉ်းစားပါလဲ။

ဦးအုန်းမြင့် ။ ။ ကျနော်တို့ကလည်း ဝန်ဆောင်မှုလုပ်ငန်းနဲ့ Tourism ပေါ့။ အခု ကျနော်တို့နိုင်ငံမှာ Seven Prime Sectors (၇) ခု ရှိတယ်။ ဒီ (၇) ခုမှာ Tourism လည်း ပါပါတယ်။ Tourism ကို ကျနော်တို့က Highlight လုပ်ပြီးတော့ ဒီဟာလဲ ပြောရင်တော့ တကယ်တော့ Tourism က ရတဲ့ ဝင်ငွေက အစိုးရပဲ ရတာမဟုတ်ပါဘူး။ သူက National Income သူနဲ့ ဆက်စပ်နေတဲ့ ဌာနတွေ၊ ဒေသတွေ၊ လုပ်ငန်းတွေ အကုန်လုံး စီးဆင်းပြီးတော့ သွားကြတယ်။ တနိုင်ငံလုံးကို အကျိုးရှိတဲ့ လုပ်ငန်းတွေပေါ့။ အဲဒီအတွက်ကြောင့် သူက တကယ်တမ်းကောင်းတဲ့ လုပ်ငန်းတခုပါ။ အားလုံး ဟိုတယ်ကြီးတွေကအစ၊ ကားတွေ၊ Tour company တွေ နောက်ဆုံးမှာ အမှတ်တရ အရောင်းဆိုင်ကအစ အကုန်လုံး ဖြန့်ဆင်းပြီးတော့ အကျိုးရှိတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ ဒါကို ဦးစားပေးလုပ်သင့်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်တခု မေးချင်တာ Ecotourism.. အခုန ဦးအုန်းမြင့် ပြောသွားတဲ့အထဲမှာ ဆွေးနွေးကြတဲ့အထဲမှာ ဗမာနိုင်ငံရဲ့  အားသာချက်က နေရာအနေအထား၊ အရင်းအမြစ် အနေအထားတွေ ကောင်းသလိုရှိတယ်။ ဒါပေမဲ့ Ecotourism သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းနိုင်တဲ့ ခရီးသွားလုပ်ငန်းဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံက ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲ။

ဦးအုန်းမြင့် ။ ။ ကျနော်တို့က ဒီဟာလဲတချက်ပေါ့ ခရီးသွားလုပ်ငန်း မြှင့်တင်လာတဲ့ မြင့်မာလာတာနဲ့ မတူဘူးပေါ့။ ကျနော်တို့က Ecotourism, Sustainable ရေရှည်တည်တန့်ခိုင်မြဲဖို့အတွက်လည်း ကျနော်တို့က ပြင်ဆင်ရတာ ရှိပါတယ်။ ကျနော်တို့က နီပေါလ်နိုင်ငံ အခြေစိုက်တဲ့ ECMOC နဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ဆီမှာ (၅) ကြိမ်လောက် သေချာ Survey ဆင်းပြီးတော့ ကာကွယ်ရမယ့်နေရာတွေ (၂၁) ခု ရှိပါတယ်။ တကယ့် သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းရမယ့်နေရာ (၂၁) ခု ရှိပါတယ်။ ကျနော်တို့က အပိုင်းလိုက်၊ ကဏ္ဍအလိုက် မြန်မာနိုင်ငံအတွင်းမှာ ဘေးမဲ့တောတို့ စသဖြင့်၊ အင်းလေးကန်တို့လို တကယ့်ထိန်းသိမ်းရမယ့် ဒေသကြီးတွေ Ecotourism နဲ့ ပတ်သက်ပြီးတော့ တကယ်လဲ အရေးပါတဲ့နေရာတွေ။ အဲဒါတွေကို ထိန်းသိမ်းဖို့ကို (၅) ကြိမ် ရှိသွားပြီ အဖွဲ့တွေနဲ့ ကွင်းဆင်းပြီးတော့ စနစ်တကျနဲ့ ဒါက စာတမ်းတခုလည်း ထွက်လာပါပြီ။ ဒါတွေက ကျနော်တို့က အခုနပြောသလို ရေရှည်တည်တန့်ခိုင်မြဲဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် လုပ်နေတဲ့ လုပ်ငန်းတွေပါ။ ဒါတွေက ဆက်စပ်ပြီးတော့ လုပ်ကိုလုပ်ရမယ့် လုပ်ငန်းတွေပါ။

ကိုသားညွှန့်ဦး ။ ။ အခုက မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံနဲ့ ညှိပြီး ဆောင်ရွက်နေတဲ့အခါတော့ Ecotourism နဲ့ ပတ်သက်လို့ အန်ကယ်တို့ မြန်မာနိုင်ငံအနေနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဘယ်လိုများ ဒီအစည်းအဝေးထဲမှာ ညှိနှိုင်းထားတာ ရှိပါလဲ။

ဦးအုန်းမြင့် ။ ။ အခုဆိုရင် ကျနော်တို့ဆီက အတွင်းဝန်သွားပါပြီ။ လားအိုမှာလုပ်မယ့် အဓိက Ecotourism နဲ့ ပတ်သက်တဲ့ အစည်းအဝေးပါ။ (၃) ရက်ကြာလုပ်မယ်။ အဲဒီမှာ အသေးစိတ်တွေ၊ သီးခြား Highlight တွေ လုပ်ဖို့ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ အကုန်ပြင်ဆင်ထားပါတယ်။ ကာကွယ်သင့်တဲ့နေရာတွေ၊ စောင့်ရှောက်သင့်တဲ့ နေရာတွေ အကုန်လုံးကို စနစ်တကျလုပ်တယ်။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို မျှော်လင့်လဲ။ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ဘယ်လောက်အထိ ကိုယ့်အတွက် အကျိုးအမြတ် ရှိမလဲ။ ဒီ ခရီးသွားလုပ်ငန်းပေါ့။

ဦးအုန်းမြင့် ။ ။ အထိုက်အသင့် အကျိုးမရှိတာတော့ မဟုတ်ပါဘူး။ ရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Tourism က ဝန်ကြီးဌာနတခုထဲလဲ လုပ်လို့မရပါဘူး။ ဝန်ကြီးဌာနတခုထဲလဲ ကောင်းလို့ မရပါဘူး။ သူနဲ့ ဆက်စပ်တဲ့ နိုင်ငံထဲမှာတောင် Immigration, Custom ယဉ်ကျေးမှု အစရှိသဖြင့် အကုန်လုံးနဲ့ ဆက်စပ်ပြီးတော့ သူတို့လည်း ပေါင်းစည်းပြီးတော့ လုပ်သွားရမှာ။ ဒီအပြင်မှာ ပုဂ==လိက ခရီးသွားလုပ်ငန်းရှင်တွေ၊ ဒီအားတွေကို ယူပြီးတော့ လုပ်ရမှာ။ ထို့နည်းလည်းကောင်း ဗမာနိုင်ငံတခုတည်းလဲ လုပ်လို့မရဘူး။ အခုနလို Border, International တွေ ပါလာတော့ ကိုယ့်ရဲ့ ဆက်စပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီးလုပ်တာ ပိုပြီးတော့ ထိရောက်မယ်လို့ ထင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ အန်ကယ်တို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းအနေနဲ့ အခုန ပုဂ--လပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်တဲ့အခါမှာ သူတို့ရဲ့  လုပ်ပိုင်ခွင့်ကို ဘယ်လောက်အတိုင်းအတာ ခွင့်ပေးထားလဲ။ ဘယ်လောက် ဆက်စပ်ဆောင်ရွက်မှု ရှိပါလဲ။

ဦးအုန်းမြင့် ။ ။ ဒီဟာလဲ ဒီလိုပါ ကျနော်တို့ ပုဂ-==လိကကဏ္ဍတွေ လုပ်နိုင်ဖို့ကို အသင်းတဖွဲ့ ဖွဲ့ထားပါတယ်။ အဲဒါက Myanmar Tourism Federation မြန်မာနိုင်ငံခရီးသွား အဖွဲ့ချုပ်လို့ တရားဝင်ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီ MTF ရဲ့ အောက်မှာ အသင်း (၁၁) သင်း ရှိပါတယ်။ Tourism နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်အသင်း စသည်ဖြင့် ဒါမျိုးတွေ (၁၁) ခုလောက် ရှိပါတယ်။ အဲဒါနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျနော်တို့ပဲ မဆုံးဖြတ်ပါဘူး။ သူတို့ရဲ့ အားတွေနဲ့ လုပ်တာဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးမေးခွန်းတခု မေးချင်ပါတယ်။ မြန်မာနိုင်ငံက အခုက တစုံတရာ နိုင်ငံရေးအရ ပွင့်လင်းလာတယ်။ နောက် ခရီးသွားလုပ်ငန်းကလည်း ပြန်ခေါင်းထောင်လာပြီဆိုတော့ ဘယ်လောက်အထိ မှန်းထားလဲ။ နှစ်အတိုင်းအတာအထိ မြန်မာနိုင်ငံရဲ့  ခရီးသွားလုပ်ငန်းက ပတ်ဝန်းကျင်နိုင်ငံ။ အထူးသဖြင့် ထိုင်းနိုင်ငံမျိုးနဲ့ ယှဉ်လာဖို့အတွက် ဘယ်လောက်အထိ ဘာတွေ လိုအပ်ချက်ရှိလဲ။ အခက်အခဲတွေ ဘာတွေရှိလဲ။

ဦးအုန်းမြင့် ။ ။ အခက်အခဲရယ်လို့ မဟုတ်ပါဘူး။ သူလည်း သူ့နိုင်ငံနဲ့ တိုးတက်မှု စောတယ်။ ကိုယ်တို့ကတော့ နောက်ကျပြီးတော့ နောက်ကလိုက်ရတဲ့ အခြေအနေရှိတော့ အချိန်အတိုင်းအတာအတွင်းမှာတော့ ထိုက်သင့်တဲ့ အောင်မြင်မှု ရသွားမှာပါ။ အစောက ပြောထားသလို သဘာဝအရင်းအမြစ်တွေလည်း ရှိပြီသား။ ကြိုးစားချင်စိတ်ကလည်း ရှိတယ်။ အောင်လည်း အောင်မြင်စိတ်ရှိတယ်အခါမှာ အားလုံးကလည်း ဒီဟာကို တစိုက်တမတ် ဝိုင်းလုပ်နေတဲ့ သဘောရှိတော့ အောင်မြင်မှာပါ။ သူတို့လိုပဲ ကိုယ်တို့လည်း တချိန်ချိန်မှာ အောင်မြင်သွားတဲ့ နိုင်ငံ ဖြစ်သွားမှာပါ။ အခုတောင်မှ ၂၀၁၂ မတိုင်ခင်မှာ ကိုယ်တို့ Arrival က (၇) သိန်း၊ (၈) သိန်း ရှိနေရာက တဖြည်းဖြည်းနဲ့ မနှစ်က (၃) သန်းကျော်၊ (၄.၆၈) သန်းလောက် ရှိလာပြီဆိုတော့ နောင် ကိုယ်တို့ Master Plan မှာလည်း ၂၀၁၇ မှာ (၇) သန်း (၈) သန်းလောက်အထိ ဖြစ်သွားဖို့ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ တစုံတရာ အခက်အခဲနဲ့ ပတ်သက်လို့ ဘာများ တွက်ဆထားလဲ။ ဥပမာ ဆက်သွယ်ရေး ဘာရေးဖြစ်ဖြစ် အခက်အခဲ ရှိနိုင်လဲ။

ဦးအုန်းမြင့် ။ ။ ဒါလေးတွေကတော့ အနည်းအကျဉ်းတော့ ရှိနိုင်တယ်။ သို့သော်လဲ ဒါကတော့ ကိုယ်တယောက်ထဲ ကိစ္စလဲ မဟုတ်ဘူးလေ။ တနိုင်ငံလုံးကိစ္စဆိုတော့ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ညှိနှိုင်းဖြေရှင်းရမယ့် သဘောလည်း ရှိပါတယ်။ နောက် ကိုယ်တို့လဲ ဒီခရီးသွားလုပ်ငန်း ဝင်ထွက်မှု လွယ်ကူချောမွေ့ရေး ကော်မတီလည်း ဖွဲ့ထားတာရှိတယ်။ အဲဒါကတော့ ကျန်တဲ့ ဆက်စပ်ဌာနက ညွှန်ချုပ်တွေ အပါအဝင်ပေါ့။ ကိုယ်တို့ဆီက ဝန်ကြီးက ဥက္ကဋ္ဌနဲ့ဆိုတော့ လိုအပ်တဲ့ဟာလေးတွေ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ရပါတယ်။ အဲဒီလိုပဲ စီစဉ်ရမှာပေါ့။

ကိုသားညွှန့်ဦး ။ ။ ဦးအုန်းမြင့် ကျေးဇူးအများကြီးတင်ပါတယ်။

ဦးအုန်းမြင့် ။ ။ အားလုံး ပြီပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။

XS
SM
MD
LG