သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရင်းနှီးမြှုပ်နှံမှု အတွက် အခြေခံအဆောက်အအုံ


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း (ဝဲ) နှင့် ကိုသားညွန့်ဦး (ယာ)။ (အောက်တိုဘာ ၃ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း (ဝဲ) နှင့် ကိုသားညွန့်ဦး (ယာ)။ (အောက်တိုဘာ ၃ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံဖို့အတွက် အခြေခံအဆောက်အအုံနဲ့ စွမ်းရည် ဖြည့် တင်းမှုတွေ လိုအပ်နေသေးတယ်ဆိုပေမဲ့ အလုပ်အကိုင်သစ် ဖန်တီးရေးနဲ့ လူထုကို တိုက်ရိုက် အကျိုး ရှိစေမယ့် လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရှိနေပါတယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီက ဗွီအိုအေရုံးကို ဗုဒ္ဓဟူးနေ့တုန်းက ရောက်လာ ခဲ့တဲ့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ လက်ခံဖို့အတွက် အဓိကရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကိုသားညွန့်ဦးက ဦးစိုးသိန်းကို မေးတဲ့အခါမှာ အခုလို စပြီးတော့ ဖြေပါတယ်။


ဖြေ။ ။ Infrastructure development လည်း လိုတာပဲဗျ။ Institution တွေက လိုတာပဲ။ အဲဒါကြောင့်institution တွေမှာ ပေါ်လစီတွေက လိုက်ပြင်ပေးရတယ်။ ဆိုကြပါစို့- For example, Trade Globalization ပေါ့။ Banking ကို အသုံးပြုအောင်ပေါ့။ Banking ကို use လုပ်အောင် သွက်သွက်လက်လက်နဲ့ သုံးနိုင်အောင် လုပ်ဖို့လည်းလိုတယ်။ တဘက်ကလည်း ကျနော်တို့အပါအဝင် ကျနော်တို့ ဝန်ထမ်းတွေ ဒါတွေကလည်း mind set တွေကို လုပ်ငန်းတွေ လုပ်ရာမှာ သွက်သွက်လက်လက် ပြောင်းပေးဖို့ လိုတယ်။ ကျနော်တို့ အရင်တုန်းက အာဏာပိုင် အဖွဲ့အစည်းလို့ ပြောတယ်။ ကျနော်တို့ တာဝန်ရှိတဲ့လူ။ အဲဒါ mind set ကို ပြောင်းတာ။ တခါ ဝန်ထမ်းတွေကျ လုပ်ပိုင်ခွင့်ရှိသူ။ အခုတော့လည်း အကျိူးဆောင်သူ၊ ကူညီသူပေါ့။ ဒီလိုတော့ ပြောင်းတာပဲဗျာ။ capacity building တွေလည်း အများကြီးလုပ်တာပဲ။

မေး။ ။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ လက်ရှိ မြန်မာနိုင်ငံထဲမှာလုပ်နိုင်စွမ်းရည်ပေါ့နော်။ လုပ်နိုင်စွမ်းရည်ကရော အခုချိန်မှာ ဘယ်လောက်အထိ ရှိတယ်လို့ ဝန်ကြီး ယူဆပါသလဲ ခင်ဗျ။

ဖြေ။ ။ လုပ်နိုင်စွမ်းရည်နည်းတယ်လို့လည်း တချို့က ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ လုပ်နိုင်တဲ့ စွမ်းရည်အပေါ်မှာပဲ ချိန်ဆပြီးတော့ ဖိတ်ခေါ်ထားတဲ့ လုပ်ငန်းတွေ ရှိတဲ့အတွက်ကြောင့် နည်းတော့ နည်းနေတယ်။ လုံးဝနည်းတယ်လို့လည်း ကျနော် မဆိုလိုဘူး။ မြန်မာလူမျိုးတွေက telent တော့ ရှိတယ်။ အရည်အချင်းရှိတယ်။ ဒါလေးတွေကို ကျနော်တို့က တခု တခု ပေါင်းစပ်ပေးလိုက်ရုံပဲ။ ဥပမာအားဖြင့် ကျနော်တို့ တောင်းဆိုနေတာက- ကျနော်တို့ ဦးစားပေးနေတာက စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ agro-based industry တွေ၊ နောက် cycling change agriculture နဲ့ ပတ်သက်လို့။ Agriculture products တွေကို value added လုပ်မယ်၊ ဒီ - agriculture of products Enterprise တွေပေါ့။ ပြီးရင် SME development၊ ထို့အတူပဲ job creation ပေါ့ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရအောင်၊ service of sector ဆိုရင်လည်း tourism sector တို့၊ အခြား services sector တို့၊ ဒါတွေ လုပ်တဲ့အတွက်ကြောင့် capacity က သိပ်တော့ အများကြီး မလိုသေးဘူးမဟုတ်ဘူး။ လိုတယ်။ လိုတာတော့ မှန်တယ်။ ဒါပေမဲ့ fitting နည်းနည်းဖြစ်တယ်။ ပြီးရင် infrastructure မှာလည်း လက်ရှိက အဲဒီလောက် လျှပ်စစ်မီးလည်း ကျနော်တို့ ပေးနိုင်တယ်။ သိပ်မျှော်မှန်းပြီး စက်ရုံအကြီးကြီးတွေ သံမဏိစက်ရုံကြီးတွေ လုပ်မယ်ဆိုရင်လည်း လတ်တလောမှာ မီးမပေးနိုင်ဘူး၊ ကျွမ်းကျင်တဲ့လူလည်း မရှိသေးဘူး။

ဒါပေမဲ့ financial sector မှာကျတော့ လူလိုတာ သိသာလာတယ်။ Financial sector တွေကို ဖွံ့ဖြိုးအောင်လုပ်တဲ့အခါမှာ capital market တို့၊ ဘဏ်လုပ်ငန်းတွေပေါ့ဗျာ။ ဖွံ့ဖြိုးတိုးတက်ဖို့ ကျွမ်းကျင်တဲ့သူတော့ လိုတာ အမှန်ပဲ။

မေး။ ။ အဲဒီတော့ နိုင်ငံတကာ အကူအညီနဲ့ ပတ်သက်လို့ရော နိုင်ငံတကာကရော ကမ်းလှမ်းတာတွေ တော်တော်များများ ကြားရပါတယ်။ တော်တော်များများဝင်နေကြပြီလား။

ဖြေ။ ။ မှန်ပါတယ်။ နိုင်ငံတကာ အကူအညီတွေ ကမ်းလှမ်းပါတယ်။ လုပ်လည်း စလုပ်နေပါပြီ။ ကျနော်တို့ကလည်း နိုင်ငံတကာ အကူအညီတွေ ကမ်းလှမ်းတဲ့အခါမှာ grant တွေရှိတယ်၊ aid တွေ ရှိတယ်၊ loan တွေ ရှိတယ်။ ဒါတွေအပေါ်မှာ စံနစ်တကျ စဉ်းစားပြီးတော့- ဒါတွေ အားလုံး ကလည်း ပေးချင်တိုင်းပေးပြီး ယူချင်တိုင်းယူလို့ မရဘူး၊ သူများနိုင်ငံလိုလည်း ဖြစ်အုံးမယ်။ နောက် တခါ အစိုးရထဲက ကျနော်တို့လို တာဝန်ရှိသူတွေကလည်း ဒီဟာတွေ အပေါ်မှာ ပျက်စီးသွားနိုင်တယ်လေ။

မေး။ ။ အခုလို နိုင်ငံတကာ အကူအညီတွေ ယူတဲ့အခါမှာ တခြားနိုင်ငံတွေမှာလည်း သူတို့မှာ လည်း ငွေကြေးပြဿနာပေါ့နော်။ ငွေကြေး အကျပ်အတည်းတွေ ကြုံတဲ့ ထိုင်းတို့၊ မလေးရှားတို့မှာ ဖြစ်တဲ့အခါမှာ IMFတို့၊ World Bank တို့က အကူအညီတွေ ယူခဲ့ရပါတယ်။ ယူတဲ့အခါမှာ သူတို့ပေးတဲ့ package တွေမှာ တချို့ လူထုက မကြိုက်တာတွေ ရှိတယ်။ ဆိုလိုတာက အခြေခံလူတန်းစား၊ အခြေခံလူထုအတွက် အကျိုးမရှိတဲ့ဟာမျိုး၊ မြင်တာမျိုးတွေလည်းရှိတယ်။ ဆိုလိုတာက အားလုံးကို နိုင်ငံတော် ချုပ်ကိုင်မှုတွေကို ဖြေလျှော့ပေးလိုက်ပြီးတော့ ပုဂ္ဂလိကပိုင် လုပ်တာတို့၊ ဒါမျိုးတွေလည်း ဝင်လာနိုင်ပါတယ်။ အဲဒီတော့ ဒီအပေါ်မှာရောဝန်ကြီးတို့အနေနဲ့ စဉ်းစားမှုရှိလား၊ ဘယ်လို စဉ်းစားထားလဲ။

ဖြေ။ ။ ဒါတွေ ကျနော်တို့ အလေးထားပါတယ်။ အရမ်းဝင်လာတိုင်းလည်း ကျနော်တို့ အရမ်းမလုပ်ဘူး။ အခုနက ကျနော်ပြောပြီးပြီပေါ့။ ကျနော်တို့က စီမံခန့်ခွဲမှု Driver seat ကို ယူမယ်ဆိုတာက ကျနော်တို့က reform strategy for economic development နဲ့ inline ဖြစ်အောင် check လုပ်တာ။ လုပ်တာတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်၊ တိုးတက်အောင်လုပ်နိုင်တယ်၊ စံနစ်တကျဖြစ်အောင်လုပ်နိုင်တယ်၊ transparent ဖြစ်ရမယ်။ grass root people တွေကို ထိရောက်တဲ့မြင်သာတဲ့အကျိုးရှိဖို့ ဖြစ်ဖို့- အဲဒီပေတံနဲ့တော့ ကျနော်တို့ တိုင်းတယ်။ အဲဒီပေတံမဟုတ်ရင်တော့ ခင်ဗျား ခဏနေအုံး။ ကျနော်တို့ စဉ်းစားမယ်။

ဒါကတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ဖြစ်ပါတယ်ရှင်။ ကိုသားညွန့်ဦးက ဗွီအိုအေ စတူဒီယိုထဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG