သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် လျှောက်ထားမှု မြန်မာ ဒုတိယ အများဆုံး


ကမ္ဘာပေါ်မှာ ခိုလုံခွင့်လျှောက်ထားသူတွေ အများဆုံးဟာ အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံသားတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဇင်ဘာဘွေ နိုင်ငံသား ၁၅၀,၀၀၀ တို့ ခိုလုံခွင့်လျှောက်ထားခဲ့ကြပြီး အများစုက အိမ်နီးချင်း တောင်အာဖရိက နိုင်ငံမှာ လျှောက်ထားခဲ့ကြတာ ဖြစ်တယ်လို့ ဒီအပတ် ထုတ်ပြန်တဲ့ ဒုက္ခသည်အေဂျင်စီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်အများစု ဒုတိယ အများဆုံးကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့နှစ်အတွင်း ၄၈,၀၀၀ ကျော် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ နောက် အများအပြား လျှောက်ထားကြသူတွေကတော့ အာဖဂန်နစ်စတန်၊ ကိုလန်ဘီယာ၊ အီရစ်ထရီးယား၊ အီသီယိုးပီးယား နဲ့ ဆိုမားလီးယား နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဇင်ဘာဘွေ နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ဆုတ်ယုတ်မှုတွေကြောင့် လူပေါင်း ၂ သန်းက ၃ သန်းအထိ တောင်အာဖရိကကို ထွက်ပြေးခဲ့ကြပါတယ်။ အခုအခါ ညီညွတ်ရေး အစိုးရဖွဲ့စည်းအပြီး ပြုပြင်ရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့ အခြေအနေ ယိုင်နဲ့ပြီး အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

XS
SM
MD
LG