သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံဆန္ဒခံယူပွဲ ကျင်းပချိန် မြန်မာတွေ သတိရှိဖို့ သံရုံးနိူးဆော်


ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကာစက လုံခြုံရေး တိုးမြင့်ထားစဉ်။
ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကာစက လုံခြုံရေး တိုးမြင့်ထားစဉ်။

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအတွက် ဆန္ဒခံယူပွဲ ကျင်းပချိန်ကာလမှာ ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို သတိနဲ့ နေထိုင် သွားလာကြဖို့ ဘန်ကောက် မြန်မာသံရုံးက အထူး သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၇ ရက် တနင်္ဂနွေနေ့ကျရင် ထိုင်းတနိုင်ငံလုံးမှာ ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပတဲ့ ကာလအတွင်း ထိုင်းအစိုးရက ရဲတပ်ဖဲ့ွဝင် အမြောက်အများကို လုံခြုံရေး တိုးမြှင့် ချထားမှာ ဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အခုကာလမှာ အထူး သတိထားပြီး နေထိုင်သွားလာကြဖို့ မြန်မာသံရုံးက နှိုးဆော်ထားပါတယ်။

ခရီးသွားလာတဲ့အခါမှာလဲ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ယူသွားဖို့နဲ့ တကယ်လို့ ထိုင်းရဲတွေက စစ်ဆေးတဲ့အခါ အသာတကြည် အစစ်ဆေးခံကြဖို့ သံရုံး ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ အခက်အခဲ တစုံတရာရှိရင် ဆက်သွယ်ဖို့အတွက်လဲ ကြေညာချက်ထဲမှာ သံရုံး တာဝန်ရှိသူတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ထဲက အာဏာသိမ်းထားတဲ့ စစ်အစိုးရက ဖွဲ့စည်းပုံသစ်ကို ရေးဆွဲခဲ့ပါတယ်။ ထိုင်းလွှတ်တော်အပေါ် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာအောင် ရေးဆွဲထားတယ်လို့ ထောက်ပြနေကြတဲ့ ဖွဲ့စည်းပုံ မူကြမ်းနဲ့ပါတ်သက်လို့ ဝေဖန် ကန့်ကွက်သူ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

ရက်ပိုင်းအတွင်း ကျင်းပတော့မဲ့ ဖွဲ့စည်းပုံ မူကြမ်းနဲ့ပါတ်သက်လို့ ပြည်သူတွေကြား သတင်းအချက်အလက် အလုံအလောက်မရရှိတာ၊ အသေးစိတ် ဆွေးနွေးမှုမျိုး မရှိတဲ့အပေါ်လဲ ဝေဖန်မှုတွေရှိနေပါတယ်။

ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ကျရင် ရဲတပ်ဖွဲ့ဝင် တသောင်းကျော်ကို ဖြန့်ချထားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG