သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယားပြည်နယ်မှာ ငလျင်သတိပေးချက် ထုတ်ပြန်


ကာလီဖိုးနီးယားပြည်နယ်မှာ ငလျင်သတိပေးချက် ထုတ်ပြန် (၂၉ စက်တင်ဘာ ၂၀၁၆)
ကာလီဖိုးနီးယားပြည်နယ်မှာ ငလျင်သတိပေးချက် ထုတ်ပြန် (၂၉ စက်တင်ဘာ ၂၀၁၆)

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ငလျင်ကြီးတခုလှုပ်လာနိုင်တဲ့ အလားအလာတွေ တိုးလာနေတာကြောင့် လာမယ့် အင်္ဂါနေ့အထိ အထူး သတိဝီရိယရှိကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

မိုင် ၈၀၀ ရှည်လျားတဲ့ San Andreas ပြတ်ရွေ့ကြောပေါ်မှာရှိနေတဲ့ Salton ပင်လယ်အောက်ခြေအနက်ပိုင်းကနေ ငလျင်အငယ်စားလေးတွေ ဆက်တိုက်လှုပ်နေတာကြောင့် အုပ်ချုပ်ရေးမှူးရုံးရဲ့ အရေးပေါ်ဌာနတွေကနေ ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း The Orange County Register သတင်းစာမှာ စနေနေ့က ဖော်ပြထားပါတယ်။ ဒီလိုသတိပေးချက်မျိုးဟာ ပုံမှန်အားဖြင့် တနှစ်မှာ တကြိမ်ကနေ နှစ်ကြိမ် အထိ ထုတ်ပြန်လေ့ရှိကြောင်း - အုပ်ချုပ်ရေးမှူးရုံး၊ အရေးပေါ်ဌာနရဲ့ အရေးပေါ်ကာလနဲ့ လူထုဆက်ဆံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Kelly Huston က ပြောပါတယ်။

နောက်ဆုံး သတိပေးနှိုးဆော်မှုကတော့ တနင်္လာနေ့က - ပြတ်ရွှေ့ကြောရဲ့ တောင်ဘက်အစွန်ဆုံးမှာရှိတဲ့ Bombay ကမ်းခြေမှာ ငလျင် ငယ်ပေါင်း ၁၄၂ ကြိမ်လှုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒီ ငလျင်ငယ်တွေဟာ ပြင်းအား ၁.၄ ကနေ ၄.၃ အထိ ရှိကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။

San Andreas ပြတ်ရွေ့ကြောပေါ်မှာ ပြင်းအား ၇ နဲ့ အထက် ရှိတဲ့ ငလျင်လှုပ်နိုင်ခြေရှိပြီး အင်္ဂါနေ့အထိ စောင့်ကြည့်ဖို့လိုကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ငလျင်တွေဟာ San Andreas ပြတ်ရွေ့ကြောတလျှောက်မှာ နှစ်ပေါင်း ၃၀၀ တိုင်းမှာ ငလျင်တွေ လှုပ်လေ့ရှိကြောင်း ဘူမိ-ရူပပညာရှင် Morgan Page က ပြောပါတယ်။ ငလျင်တိုင်းတာရေး သိပ္ပံဌာနကတော့ ၁၆၉၀ ခုနှစ်ကတည်းက ပြတ်ရွေ့ကြောရဲ့ တောင်ဘက်အစွန်းမှာ ပေါက်ကွဲထွက်တာမျိုးမတွေ့ခဲ့ရကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG