သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီ ဥပဒေအရ မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့က သီးခြား နံမည်တခုနဲ့ ပါတီတခု ထောင်လိုက်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သောတရှင်တွေရဲ့ သဘောထားတွေကို ဆွေးနွေးရအောင် NLD ပါတီက ရွေးကောက် တင်မြောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်၊ ENC တိုင်းရင်းသားလူမျိုးစုများ ကောင်စီက ဦးဟန်ညောင်ရွှေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။

XS
SM
MD
LG