သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်သဘောထား


အမေရိကန်နိုင်ငံမှာ သမ္မတ အိုဘားမား အစိုးရ တက်လာပြီးကတည်းက ကမ္ဘာ့အရေးအခင်းတွေကို ပုံစံသစ်နဲ့ ချဉ်းကပ်မယ်ဆိုပြီး ကြွေးကြော်လာခဲ့တာပါ။ အဲဒီနောက်မှာ အီရတ်၊ အာဖဂန်နစ္စတန်အစ မြောက်ကိုရီးယား၊ အီရန်ပြဿနာအလယ်၊ မြန်မာ့အရေးအဆုံး
နိုင်ငံခြားရေး မူဝါဒကို သူက ပြန်ပြောင်း သုံးသပ်ပြီးတော့ ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ကမ္ဘာ့အရေးတွေမှာ သိသိသာသာ တိုးတက်ပြောင်းလဲမှု ရှိမလာသေးဘူးလို့ လေ့လာသူတွေက ပြောဆိုနေကြတုန်းပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း နှစ်အတော်ကြာ မြန်မာစစ်အစိုးရနဲ့ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ရာက သမ္မတ အိုဘားမား အစိုးရက ပြန်လည် ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။ ဒီထိတွေ့ ဆက်ဆံရေးမူ အောင်မြင်မှု ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး သောတရှင်တွေရဲ့ အမြင် သဘောထားတွေကို ဆွေးနွေးရအောင် NLD ပါတီလွှတ်တော်အမတ်လည်းဖြစ်၊ အမေရိကန်အခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးတဦးလည်းဖြစ်တဲ့ ဦးဘိုလှတင့်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။

XS
SM
MD
LG