သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul အရေး ကန်ကာကွယ်ရေးဝန်ကြီး အီရတ်ရောက်


အီရတ်ကိုဆိုက်ရောက်လာတဲ့ ကန်ကာကွယ်ရေးဝန်ကြီး Ash Carter (၂၂ အောက်တိုဘာ ၂၀၁၆)
အီရတ်ကိုဆိုက်ရောက်လာတဲ့ ကန်ကာကွယ်ရေးဝန်ကြီး Ash Carter (၂၂ အောက်တိုဘာ ၂၀၁၆)

အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter ဟာ IS အစွန်းရောက် အကြမ်းဖက် သမားတွေ လက်ကနေ မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့တိုက်နေတဲ့ ညွှန့်ပေါင်း တပ်မှုးတွေ နဲ့ တွေ့ဆုံပြီး ထိုးစစ်တွေကို ပြန်သုံးသပ်ဖို့နဲ့ အကူအညီတွေပေးဖို့ အီရတ်နိုင်ငံကို ဒီကနေ့ စနေနေ့မှာ ရောက်ရှိလာပါတယ်။ ဒီနှစ်အတွင်း အီရတ်နိုင်ငံကို မစ္စတာ ကာတာ တတိယ အကြိမ်ရောက်ရှိ လာတာလည်းဖြစ်ပါတယ်။ ဒေသတွင်းက ဂျီဟတ် အကြမ်းဖက် သမားတွေကို တိုက်ထုတ်နေတဲ့ အမေရိကန်တို့ကျောေ ထာက်နောက်ခံပေးထားတဲ့ အီရတ်တပ်ဖွဲ့ တွေကိုလည်း ကြီးကြပ်သွားမှာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အမေရိကန် တပ်သားတဦး ကျဆုံး သွားပြီးတဲ့နောက် အီရတ်နိုင်ငံကို ကြိုတင် အကြောင်းကြားခြင်းမရှိပဲ မစ္စတာ ကာတာ ရောက်ရှိလာ တာဖြစ်ပါတယ်။ အီရတ် ဝန်ကြီးချုပ် Haider al-Abadi နဲ့လည်း မစ္စတာ ကာတာေ တွ့ဆုံဖို့ရှိပါတယ်။ မိုဆူးမြို့ ပြန်သိမ်းရေး ထိုးစစ်တွေမှာ တူရကီတပ်တွေ ပါဝင်ဖို့ ဝန်လေးနေတဲ့ အကြောင်းကိုလည်း သူတို့ ၂ ဦး ဆွေးနွေးကြမယ်လို့ ခန့်မှန်းရ ပါတယ်။

သောကြာနေ့တုန်းကတော့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ကာကွယ်ရေး ဝန်ကြီး မစ္စတာကာတာ တို့ တူရကီ မြို့တော် အန်ကာရာမှာ တွေ့ဆုံပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွင်းက IS အကြမ်းဖက် သမားတွေကို တိုက်ရာမှာ အမေရိကန်နဲ့ တူရကီတို့ကြား ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်တွေကို ဆွေးနွေး ခဲ့ကြတာပါ။ တူရကီ နိုင်ငံရေးသမားတွေ၊ ကာကွယ်ရေး အရာရှိတွေနဲ့ လည်း မစ္စတာ ကာတာတွေ့ ဆုံခဲ့ပါတယ်။ နောက်ဆုံးကျန်နေတဲ့ IS တို့ကို ထိုးစစ် ဆင်နေတဲ့ ညွှန့်ပေါင်းတပ်တွေ အနီးကပ် ပူးပေါင်းဆောင် ရွက်သွားအောင် အသေ အချာ လုပ်ဆောင် သွားဖို့နဲ့ အကြာခဏ ဆက်သွယ်ကြဖို့ ခေါင်းဆောင်၂ ဦးတို့ သဘော တူညီခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ချက်က ပြော ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG