သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဟာ အကြမ်းဖက်နိုင်ငံလို့ အိန္ဒိယစွပ်စွဲ


အိန္ဒိယ-ပါကစ္စတန်နယ်စပ် အိန္ဒိယစစ်သားတဦး လုံခြုံရေးစောင့်ကြည့်နေစဉ် Sept. 24, 2016.
အိန္ဒိယ-ပါကစ္စတန်နယ်စပ် အိန္ဒိယစစ်သားတဦး လုံခြုံရေးစောင့်ကြည့်နေစဉ် Sept. 24, 2016.

ပါကစ္စတန် နိုင်ငံကို အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတနိုင်ငံ အဖြစ် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ပြောကြားလိုက်တဲ့ အပြင် အာရှဒေသကို မတည်ငြိမ်အောင် လုပ်ဆောင်နေ တယ်လို့ စွပ်စွဲလိုက်ပြီး ပါကစ္စတန် ကို နိုင်ငံတကာက ဝိုင်းကျဉ်အောင် လုပ်မယ်လို့ ကြုံးဝါး လိုက်ပါတယ်။

ဒါဟာ အိန္ဒိယ စစ်အခြေစိုက် စခန်းတခုမှာ အကြမ်းဖက် တိုက်ခိုက်တာ ခံရတဲ့အတွက် ၂ နိုင်ငံကြား တင်းမာမှုတွေ တိုးလာ ချိန်ကစပြီး ပါကစ္စတန် အပေါ် ပထမဆုံးအဖြစ် ဝန်ကြီးချုပ် Modi က လူသိရှင်ကြား ဝေဖန်လိုက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း Kozhikode မြို့မှာ စနေနေ့ သူ့ရဲ့ Bharatiya Janata ပါတီ လူထုစုဝေးပွဲမှာ အခုလို ဝေဖန် လိုက်တာဖြစ်ပါတယ်။

၂ နိုင်ငံဟာ လွတ်လပ်ရေး ကို အတူတူ ရခဲ့ကြတာ ဖြစ်ပြီး၊ အိန္ဒိယ နိုင်ငံက နည်းပညာ software တွေ ကမ္ဘာကို တင်ပို့နေချိန်မှာ ပါကစ္စတန်က အကြမ်းဖက်မှုတွေ တင်ပို့နေတာအတွက် ပါကစ္စတန် ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို မေးခွန်းတွေ ထုတ်သင့်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံဆီက အကြမ်းဖက်မှုတွေ ရနေတဲ့အ တွက်ကြောင့် ဒေသ တွင်း ဒုက္ခခံစားနေရတဲ့ နိုင်ငံတွေထဲမှာ အာဖဂန် နစ်စတန်နဲ့ ဘင်္ဂလာဒေ့ရှ် နိုင် ငံတွေက လည်းပါနေတယ်လို့ ဝန်ကြီးချုပ် Modi ကပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ Kashmir ဒေသက နယ်စပ်နဲ့ ကပ်နေတဲ့ နေရာမှာ အခြေ စိုက်တဲ့ စစ်စခန်းအတိုက်ခိုက် ခံရတဲ့အတွက် စစ်သား ၁၈ ဦး သေဆုံးခဲ့ရတာနဲ့ ပါတ်သက်ပြီး တင်းတင်းမာမာ တုန့်ပြန်ဖို့ ဝိုင်းဝန်း ဖိအားပေးတာကို ခံနေရတာပါ။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန် အခြေစိုက် အစ္စလန် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Jaish-e-Mohammad အဖွဲ့က လုပ်ဆောင်တယ်လို့ အိန္ဒိယက စွပ်စွဲပေမယ့် ပါကစ္စတန် ကတော့ အိန္ဒိယဟာ သက်သေ အထောက်ထား ကောင်းကောင်းမပြပဲ စွပ်စွဲနေ တာလို့ ပြောဆိုပြီး သူတို့ ပါဝင်ပါတ်သက်မှု မရှိကြောင်း ခိုင်ခိုင်မာမာ ပဲ ငြင်းဆိုနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG