သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင် မီးရထားလမ်း ဖောက်ရေး ဝန်ကြီးများ ဆွေးနွေး


တိုင်းပြည်အချင်းချင်းကြား ရထားလမ်းချင်း ဆက်ကြမယ့် စီမံကိန်းတရပ်ကို အရှေ့တောင်အာရှ တိုင်းပြည်တွေနဲ့ တရုတ်ပြည်က သောကြာနေ့မှာ အတည်ပြုကြလိမ့်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။

ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက ဝန်ကြီးတွေဟာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ကမကထပြု ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်ကြဖို့ ဟနွိုင်းမှာ ရောက်ရှိနေကြပါတယ်။

အစည်းအဝေး အစီအစဉ် ထိပ်ဆုံးမှာ ရှိနေတာကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရထားလမ်းကွန်ယက် ထူထောင်ဖို့အတွက် လေ့လာ ထားတဲ့ ADB ရဲ့ လေ့လာချက် ဖြစ်ပါတယ်။

ဒေသတွင်းမှာ ကုန်ရထားတွေနဲ့ လူစီးရထားတွေ ချောချောမွေ့မွေ့ နိုင်ငံတွေကြား သွားလာနိုင်အောင် လမ်းကြောင်းတွေ တည်ဆောက်ပေးဖို့ ဒီလေ့လာချက်က ရည်ရွယ်ထားပါတယ်။

ခုချိန်အထိတော့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေကပဲ ရထားလမ်း ဆက်ထားပါတယ်။ လာအိုနိုင်ငံမှာ ရထားလမ်း အဆက်အသွယ် မရှိသေး ပါဘူး။

မဟာမဲခေါင် မြစ်ဝှမ်းဒေသမှာ ရထားလမ်း ၄ လမ်းကို ADB စီမံကိန်းက လေ့လာထားပါတယ်။ ဒါပေမဲ့ အလုပ်ဖြစ်နိုင်ဆုံး ရထားလမ်းကတော့ ဘန်ကောက်ကနေ ဖနွမ်းပင်၊ ဟိုချီမင်းမြို့၊ ဟနွိုင်း စတဲ့ မြို့တွေကို သွားပြီး အဲဒီကနေ တရုတ်ပြည်က နန်နင်းနဲ့ ခွန်မင်းကို ဆက်သွားမယ့် လမ်းပဲ ဖြစ်ပါတယ်။

XS
SM
MD
LG